EP-1 Intro

200 8 0
                                    

အခုတလော အမြဲတမ်းပျော်ပျော်နေတတ်တဲ့ 'တံ'ဆိုတဲ့ကောင်မလေး တစ်ယောက် တစ်မိုင်မိုင်တထွေထွေဖြစ်နေရတယ်

အဲ့လို ဖြစ်ရတဲ့အကြောင်းအရင်းကတော့ သူအတွက်အရမ်းအရေးပါတဲ့ သူငယ်ချင်းကောင်မလေး 'သက်' ပေါ်ဖြစ်နေတဲ့ ပုံမှန်ထက်ပိုနေတဲ့ ချစ်ခြင်းတွေအတွက် ဖြစ်ပါတယ်

ဘယ်ကိစ္စ ကိုမဆို တစ်ခါမှ အဲ့ဒီလောက်အလေးထားပြီး မစဥ်းစားခဲ့တဲ့ 'တံ' အတွက် ဒီတစ်ခါဟာအရေးကြီးပါတယ်

ဘဝမှာ လူတစ်ယောက်ကို ပထမဆုံးရင်ခုန်ပြီး နှစ်သက်မှုဖြစ်တာဆိုတော့ မှားယွင်းတဲ့ ခံစားမှုနဲ့ နားလည်လွှဲမှာ စိုးရိမ်တာရယ် ဖွင့်ပြောလိုက်ရင် သူငယ်ချင်းတောင်ဆက်မဖြစ်တော့ရင် 'သက်'ကို ဆုံးရှုံးလိုက်ရမယ့် နောက်ဆက်တွဲရလဒ်ကို လက်မခံနိုင်တာရယ်ကြောင့် ဖွင့်ပြောသင့်မသင့်ကိုတွေးဝေနေပါတယ်

'တံ' တစ်ယောက် ငယ်ငယ်ကတည်းက ဘဝမှာ စိုးရိမ်ကြောင်ကြမှမရှိ ရည်မှန်းချက်မရှိ ကိုယ်ပိုင်ဆုံးဖြတ်မှုမရှိဘဲ ၁၇နှစ်ကြာဖြတ်သန်းခဲ့တယ် ငယ်ကတည်း ဘာလုပ်လုပ်ပြီးမြောက်ထိတိုင်လုပ်လေ့မရှိပါဘူး
ကျောင်းစာကလွဲရင် အကုန်လိုက်လေ့လာပါတယ်
ကျောင်းစာလဲ အိမ်ကိုပြဖို့အတွက် ဘုရားဆူးအောင်မှတ်ရအောင်ဘဲလုပ်ပါတယ်
အရမ်းလဲမဆိုး လိမ်မာတယ်လဲမဟုတ်တဲ့သူပါ
တစ်ခုတည်းသောအားသာချက်ကသူငယ်ချင်းတွေအပေါ် အရမ်းအလေးထားပါတယ်
ကျောင်းပြေး ပြီး ဘယ်မှလဲမသွားဘဲ ကျောင်းဘေးကမုန့်ဆိုင်မှာ ကျောင်းတက်ခေါင်းလောင်းထိုးတာကနေ ကျောင်းဆင်းခေါင်းလောင်းထိုးတဲ့အထိ နေပြီး နောက်နေ့အတန်းရှေ့မှာခေါ်အရိုက်ခံရမယ် ရုံးခန်းခေါ်ခံရမယ်သိသိနဲ့လဲ အမေဆုံးပြီး အရမ်းဝမ်းနည်းနေတဲ့ ငယ်သူငယ်ချင်းအတွက် အဖော်လုပ်ပြီး နေပေးရုံအတွက် ကျောင်းပြေးတတ်တဲ့သူမျိုးပါ

'သက်' ကတော့ 'တံ' ရဲ့ ဗြောင်းပြန် ငယ်ငယ်ကတည်းကကြီးပင်းလာရတဲ့ပတ်ဝန်ကျင်ကြောင့် စိတ်ထဲမှာ တစ်ပါးသူအားကိုးကင်းပြီးလွတ်လပ်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ဖို့အတွက်ကြိုးစားနေသူဖြစ်ပါတယ်
'သက်'က စာဖတ်ရတာကြိုက်တယ်
တစ်ယောက်တည်း အေးအေးဆေးဆေးနေရတာကိုကြိုက်တယ်
ဘာလုပ်လုပ် လေး လေးနက်နက်စဥ်းစားတတ်တာ 'သက်' ရဲ့အကျင့်ပါ
မိသားစုထဲမှာ ဂရုစိုက်မှုနည်းနည်းနဲ့ ကြီးပင်းခဲ့ရပေမယ့် 'သက်'ကအလိုက်တသိနဲ့ မိသားစုအပေါ် နားလည်ပေးခဲ့ပါတယ်
'သက်'ရဲ့ ဖခင်အလုပ်ကြောင့် အချိန်တစ်ခုရောက်လျှင် နေရာပြောင်းရွှေ့ရတဲ့အတွက် 'သက်'မှာ ရင်းနှီးတဲ့သူငယ်ချင်းမရှိခဲ့ပါဘူး

By AnonymousGL

RainbowTempat cerita menjadi hidup. Temukan sekarang