EP-2 ဆုံမှတ်

136 7 0
                                    

ပုံမှန်ဆို အကြိုက်ချင်းမတူ ရည်မှန်းချက်ချင်းမတူ စိတ်ကူးချင်းမတူတဲ့ မျဥ်ပြိုင်နှစ်ကြောင်းပေါ်က လူနှစ်ယောက်ဟာ တွေ့ဆုံဖြစ်မှာမဟုတ်ပါဘူး အကြောင်းကြောင်းတွေ့ဆုံရင်တောင် တခဏသာဖြတ်မျဥ်းဆုံချိန်လေးသာ တွေ့ဆုံကြမှာပါ

သူတို့နှစ်ယောက်အတွက် ဖြတ်မျဥ်းဆုံချိန်ကလေးကတော့ ၁၀တန်းဖြေပြီး အမှတ်စရင်းထွက်တဲ့အချိန်ကစပါတယ်
'တံ' တစ်ယောက်က အောင်မှတ်ကြိုးတန်းပေါ်ကို တဲတဲလေးနဲ့ အဖျားခတ်ပြီး ဖြတ်ကူးသွားပါတယ် အိမ်ကရွှေးပေးတဲ့ တက္ကသိုလ်ကျောင်းကိုဆက်တက်တဲ့အခါမှာ 'သက်'နဲ့စတွေ့ပါတော့တယ်

အတန်းမတူပေမယ့် တူညီတဲ့သူငယ်ချင်း'
မီးကီး'ကနေတစ်ဆင့် သိပြီး သူငယ်ချင်းတွေဖြစ်ခဲ့ပါတယ်
'မီးကီး'က 'တံ'ရဲ့ငယ်သူငယ်ချင်းထဲကတစ်ယောက်ပါ
'မီးကီး'နဲ့'သက်'က တစ်တန်းထဲ အဆောင်အခန်းကလဲတစ်ခန်းထဲဆိုတော့ တူတူနေထိုင်ရင်းခင်သွားကြတာပါ

စစတွေ့ချင်း မျက်နှာပူစရာနဲ့စရပါတယ်
'တံ'ကနေ့လည်အတန်းဆင်းတော့ 'မီးကီး'ရဲ့အဆောင်မှာတွေ့ဖိုချိန်းထားကြပါတယ်
အဆောင်နဲ့အခန်းနံပါတ် ပြောပြထားတဲ့အတွက် 'တံ' ကိုယ့်ဘာသာကိုဝင်လာခဲ့တယ် အခန်းရှေ့လဲရောက်ရော တံခါးခေါက်ကြည့်တော့ တံခါးကစေ့ထားရုံဘဲဆိုတော့ ဖွင့်သွားတယ် မျက်မျန်မပါတော့အဝေးမှုန် 'တံ'တစ်ယောက် 'မီးကီး'ထင်ပြီး တံခါးကိုနောက်ကျောပေး ရပ်နေတဲ့ 'သက်' တင်ပါးကို အားအပြည့်နဲ့ရိုက်ပြီး နှုတ်ဆက်လိုက်တာ
"တံခါးlockမချဘာမချနဲ့ တံခါးလေးစိပြီးငါ့ကိုအဲ့ ကျလောက်တောင်မျှေ.......''
...မျှော်နေတာလားနော် လို့ တောင် နောက်ပြီး ပြောလို့မပြီးသေးခင်ဘဲ လူမှားနှုတ်ဆက်လိုက်မှန်း တည့်တည့်မျက်နှာချင်းဆိုင်တွေ့ပြီးသိလိုက်ရပါပြီ
လုံးဝမသိတ
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး 10secလောက် အခန်းထဲငြိမ်သွားတယ်
'တံ' တစ်ယောက်ဘယ်လိုတောင်းပန်ရမလဲဆိုတာဦးနှောက်ထဲစာစီပြီး ပြောတော့မယ့်အချိန် 'မီးကီး' အခန်းထဲကိုဝင်လာပြီး ''ရောက်တာမြန်လိုက်တာ နင်တို့နှစ်ယောက်ကိုမိတ်ဆက်ပေးမလို့ '' ဆိုပြီးပြောရင်းနှစ်ယောက်ကိုကြည့်လိုက်တော့ မျက်နှာနီပြီးကြောင်တောင်တော်လေးဖြစ်နေ တဲ့ သူနဲ့ အမှားလုပ်မိလို့ငိုမဲ့မဲ့မျက်နှာနီတဲ့ နှစ်ယောက်ကိုကြည့်ရင်း ''ငါမရှိတုန်းဘာပွဲတွေခင်းသွားတာလဲ ပြောကြည့်လေ ငါကြိုးစားပြီးမရီပေးပါဘူးလို့'' ရီရင်းပြောနေတဲ့တစ်ယောက်ကိုဖြစ်ကြောင်းကုန်စင်ကို 'တံ' ကဘဲ ပြန်ပြောပြရင်း 'သက်' ကိုကြည့်ပြီး
'တံ' = ''ဟီးးးး sorryနော် တမြင်လုပ်တာဆိုပေမယ့် လူမှားသွားတာပါ ခွင့်လွတ်နော်''
'သက်'ကလဲ ခဏလေးဘဲ ကြောင်တောင်တောင်လေးဖြစ်ပြီးသတိစိတ်ဝင်လာတဲ့အခါ ပြုံးပြုံးလေးနဲ့ ''အင်း ရပါတယ်''
'မီးကီး' က နှစ်ယောက်လုံးကိုမိတ်ဆက်ပေးရင်းနဲ့
ကန်တင်းမှာ နေ့လည်စာစားဖို့သွားကြပါတယ်

By AnonymousGL

RainbowWhere stories live. Discover now