60

12.2K 1.8K 38
                                    

{Unicode}

"အိမ်မွေးတိရစ္ဆာန်"

ရန်ကျားလိသည် ယဲ့ထင်၏ ရင်ခွင်ထဲတွင် အကျဥ်းကျလို့နေ၏။

သူ့မှာ လှုပ်ရှားချင်နေသော်လည်း ယဲ့ထင်၏ လက်မောင်းနှစ်ဖက်မှာ အသေအလဲ တင်းကျပ်စွာ ဖက်တွယ်လို့ထားပြီး ရုန်းကန်ဖို့ နေရာတစ်နေရာစာပင် မပေးခဲ့ချေ။

ရန်ကျားလိသည် စိတ်မသက်မသာနှင့် မျက်မှောင်ကြုတ်လိုက်ပြီး

"လွှတ်ဦး၊ ငါအသက်ရှူလို့ မရတော့ဘူး"

ယဲ့ထင်သည် ထိုအခါမှ မျက်လုံးပွင့်လာပြီး ရန်ကျားလိ၏ နီရဲနေသော မျက်နှာကို မြင်ကာမှ လက်မှခွန်အားကို ဖြည်းဖြည်းချင်း ဖြေလျော့ပေးလိုက်သည်။

ယဲ့ထင်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်လုံးတစ်စုံက မည်းနက်သွားလေကာ

"အဲ့လိုစကားမျိုး နောက်တစ်ခါ မပြောရဘူး၊ သိပြီလား"

ရန်ကျားလိသည် နုံးခွေအားလျော့စွာနှင့် ခေါင်းငိုက်စိုက်ကျနေပြီး အသံတစ်ချက် မပြုပေ။

ယဲ့ထင်၏ မျက်လုံးများက မှေးစင်းသွားပြီး ရန်ကျားလိ၏ မေးစေ့ကို ပင့်မြှောက်လိုက်သည်။

သူသည် စိတ်ရှည်သည်းခံမှုကို ထိန်းချုပ်ထားရသလိုမျိုး လေသံထဲတွင် အန္တရာယ် အငွေ့အသက် ပိုများလာကာ

"ကိုယ့်ရဲ့မေးခွန်းကို ပြန်ဖြေ"

ရန်ကျားလိသည် ဖိအားပေး ခေါင်းမော့ခံနေရပြီး ယဲ့ထင်ကို ကြည့်နေရသည်။ ယဲ့ထင်၏ အပြုအမူများသည် ပိုင်ရှင်က မိမိ၏ အိမ်မွေးတိရစ္ဆာန်အား အမိန့်ပေးနေသည့်နှယ် ခပ်တန်းတန်း ဖြစ်နေသည်ဟုသာ ခံစားရသည်။

ရန်ကျားလိသည် သူ့ကို တွန်းဖယ်လိုက်ပြီး ခေါင်းလှည့်ကာ အိပ်ရန်ပြင်လိုက်သည်။

ယဲ့ထင်သည့် သူ့မျက်နှာကို အတင်း ပြန်ဆွဲထားလိုက်ပြီး အေးစက်စက်နှင့် စကားဆို၏။

"ပေါင်ပေါင်း၊ ကိုယ်မင်းကို ချစ်တယ်၊ မြတ်လည်း မြတ်နိုးတယ်။ မင်းတောင်းဆိုတာ မှန်သမျှ ကိုယ်အားလုံး ဖြည့်ဆည်းပေးနိုင်တယ်။ ဒါပေမဲ့ မင်းအရမ်း ရဲတင်းလွန်း မလာနဲ့။ ကိုယ့်ကို ထားသွားမယ်ဆိုတဲ့ အဲ့လိုစကားမျိုး၊ ကိုယ် နောက်တစ်ခါ ထပ်မကြားရပါစေနဲ့"

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now