ချစ်ခြင်းကမ္ဘာ#1

13.1K 254 3
                                    

ကျွန်မနာမည် လွမ်းကမ္ဘာ ပါ။ကျွန်မက အထက်တန်းကျောင်းသူတစ်ယောက်၊ပြီးတော့ချစ်သူရှိတဲ့ကျောင်းသူလေးတစ်ယောက်ပေါ့။ ကျွန်မချစ်သူက ခုအတန်းရှေ့မှာစာသင်နေတဲ့အမျိုးသမီးလေ.... ကျွန်မထက်ငါးနှစ်ကြီးတဲ့အမျိုးသမီးချောလေးပေါ့။သူမကလှသလိုထက်မြက်တယ်။သူစာသင်နေတဲ့ပုံလေးကိုထိုင်ကြည့်နေရတာကျွန်မအရမ်းကံကောင်းတာ..။

ကျွန်မပြောပြနေလဲ ရှင်တို့ကသိမှာမဟုတ်ပါဘူးလေ။

စာကိုအာရုံမစိုက်ပဲ ပြုံးစိစိဖြစ်နေသည့်လွမ်းကမ္ဘာကိုကြည့်၍ ချစ်ခြင်းအလင်္ကါ တစ်ယောက်စိတ်မရှည်နိုင်တော့ပေ။ သင်နေသည့်စာအပေါ်အာရုံမစိုက်သည်ကို မိမိမကြိုက်။ တစ်ခြားသူများဆိုလျှင် အနားသွား၍နားရွက်ဆွဲမိမည်မှာမှန်သော်လည်း ယခုကမိမိမြတ်နိုးရသောသူမဖြစ်နေသည်။ဘက်လိုက်သည်ဟုပဲထင်ထင် ကိုယ့်မြတ်နိုးရာလေးကိုတော့ဘယ်နာကျင်စေချင်မှာလဲ။ လွှတ်ထားပေးရန်တွေးသော်လည်း ကိုယ့်အမျိုးသမီးလေးက အတန်းချိန်စကတည်းက ယခုမိနစ်၄၀ကြာသည်အထိ စာကိုအာရုံမစိုက်၊ အတွေးကမ္ဘာထဲရောက်နေသည်ထင် မျက်နှာလေးကပြုံးစိစိနှင့်။ မိမိအကြောင်းတွေးလျှင်ကိစ္စမရှိပင်မယ့် တခြားအကြောင်းအရာများတွေးလျှင်ဟူသောစိတ်နှင့် .....

''လွမ်းကမ္ဘာ''

''လွမ်းကမ္ဘာ!!!''

''ရှင်!''

မျက်မှောင်ကျုံ့ကာကြည့်နေသည့်အမျိုးသမီးတစ်ဦးနှင့် ရုတ်တရက်လန့်ဖျတ်ကာထရပ်လိုက်သောမိန်းကလေးတစ်ဦးကြောင့် တိတ်ဆိတ်နေသောစာသင်ခန်းမှာပို၍ပင်ခြောက်ကပ်သွားသည်။ကျောင်းသား၊ကျောင်းသူများမရှိ၍တော့မဟုတ်..ဒေါ်ချစ်ခြင်းအလင်္ကါ အတန်းချိန်တွင်တိတ်ဆိတ်နေကြမို့ဖြစ်သည်။ တိတ်ဆိတ်ဆိုကြောက်ကြရသည်ကိုး။

''စာသင်တာအာရုံမစိုက်ဘဲဘာပြုံးစိစိတွေလုပ်နေတာလဲ?!"
လေသံကမမာလွန်းသလိုမပျော့လွန်းပေ။

''တစ်ခုခုတွေးမိသွားလို့ပါ''

''ဘာတွေးတာလဲ!!''

''ဟို...ဟို.. ဇာတ်ကား ညကကြည့်တဲ့ဇာတ်ကားအကြောင်းတွေးနေတာ ဟီးး''

GL အပိုင်းတိုများWhere stories live. Discover now