ဒါရာ၏တေး#2

1.5K 88 0
                                    

ဒါရာနှင့်တေးကဗျာတို့သည် နေရာပြောင်းပြီးသည့်နေ့မှစ၍ ပိုပြီးရင်းနှီးလာကြသည်။ သောကြာနေ့ကျောင်းဆင်းချိန်နီးကပ်လာလေ ဒါရာတစ်ယောက်ဖင်မငြိမ်ဂဏာမငြိမ်ပိုပိုဖြစ်လာလေပင်။ဖြစ်ရသည့်အကြောင်းရင်းကလည်း သူ၏တေးလေးနှင့် အိမ်တွင်ရုပ်ရှင်အတူကြည့်ရန်ချိန်းထားသည်ကိုး။

~ကလင်းးးးး~

ကျောင်းဆင်းခေါင်းလောင်းသံမြည်သည်နှင့် ရှေ့မှဆရာပင်ဘာမျှမဆိုရသေးခင် ဒါရာလွယ်အိတ်လွယ်ပြီးသားပင်။ဒါကိုမြင်သည့်ဆရာက

"အေးအေး ပြီးပြီ မင်္ဂလာပါ" ဟုဆိုကာစာအုပ်များသိမ်း၍ထွက်သွားတော့သည်။ဒါရာအခန်းပေါက်ဝကိုအကြည့်ပို့လိုက်တော့ ထပ်တွေ့ပြန်ပါပြီ ဟိုဆရာသစ်။ နေ့တိုင်းကျောင်းဆင်းချိန်တိုင်းအခန်းရှေ့ရောက်လာသည်။တေးလေးကလဲ သူရောက်သည်နှင့်အိတ်လွယ်ကာချက်ချင်းထွက်သွားသည်။အတူတူများပြန်ကြသလားဟု‌တွေးမိပေမယ့် ဒါရာလိုက်တော့မကြည့်မိ၊လိုက်ကြည့်ခါမှသူတွေးသည့်အတိုင်းဟုတ်နေသည်ဆိုလျှင်ပို၍ခံစားရခက်မည်။

ယခုလဲ "ခနနော်" ဟုဆိုကာ ထိုဆရာဆီထွက်သွားသောတေး။ ဘာတွေပြောနေကြမှန်းမသိပေ။
(တေးသံသာတဲ့ ရုပ်ကလဲဆင်သလို နာမည်ကပါလာဆင်နေတယ် မနာလိုလိုက်တာကွာ)

"ဒါဒါ..သွားမယ်လေ"

အတွေး‌များနှင့်မကျေမနပ်ဖြစ်နေ၍ တေးလေးအနားရောက်လာသည်ကိုတောင်သတိမထားမိလိုက်။

"အွန်းသွားမယ်လေ အိမ်ကိုက နာရီဝက်လောက်လျှောက်ရမှာ ငါကခြေထောက်ကိုသုံးပြီးပဲနေ့တိုင်းအသွားအပြန်လုပ်နေတာဆို 'တေး' အဆင်ပြေရဲ့လား မလျှောက်နိုင်ရင်.."

"မဟုတ်တာ လျှောက်နိုင်‌တာပေါ့"

"အော်..အမ် ဟုတ်ပါပြီ"
ဟုဆိုကာ နှစ်ယောက်သားကျောင်းထဲမှထွက်လာခဲ့ကြသည်။တစ်ကယ်တော့နေ့တိုင်း ဆိုင်ကယ်စီး၍ကျောင်းကိုလာနေကျ၊သည်နေ့က တေးအကယ်၍လမ်းမလျှောက်နိုင်ဘူးဟုဆိုလာလျှင်ကျောပိုးကာပြန်ရန် ကြံထားခြင်းဖြစ်သည်။
(ဆိုင်ကယ်ယူလာရင်တောင် တေးငါ့နောက်ကနေစီးပြီးငါ့ခါးကိုဖက်ထားတာခံရအုံးမှာ ဒါဟိုနှစ်ကောင်ကြောင့် ငါ့အကြံဉာဏ်တွေအလုပ်မဖြစ်တာ)
ဟူ၍ဘာမျှမဆိုင်သည့် ဂျက်နှင့်ဒက်စတင်ကိုစိတ်ထဲကြိမ်းလိုက်သေး။
ဟိုကောင်နှစ်ကောင်ကိုလဲ ကျောင်းဆင်းကတည်းကမတွေ့ရ ။

GL အပိုင်းတိုများWhere stories live. Discover now