ချစ်ခြင်းကမ္ဘာ#2

4.8K 153 0
                                    

နဖူးပြင်ထက်ခံစားမိလိုက်သောနွေးထွေးမှုတစ်ခုကြောင့် လွမ်းကမ္ဘာမျက်လုံးဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် အမြင်အာရုံထဲဝင်လာသည်က မိမိကိုငုံ့မိုးကာပြုံးကြည့်နေသည့်အမျိုးသမီးတစ်ဦး။ မိမိ၏ချစ်သူ ​ချစ်ခြင်းအလင်္ကါမှမဟုတ်ရင်မည်သူဖြစ်နိုင်မည်တဲ့တုန်း။

''ကမ္ဘာငယ်လေး~ ထချိန်ရောက်ပြီ ''

သူမ၏စကားသံဆုံးသက်နှင့်တစ်ပြိုင်နက် မိမိလည်းလှဲနေရာမှထထိုင်ပြီးလေပြီ။ မေမေ့ကိုဖွင့်ပြောပြီးကတည်းက သူမ မိမိကိုယခုလိုမနက်တိုင်းလာခေါ်နိုးနေကျပင်။ စစခြင်းတုန်းကတော့လှုပ်နှိုးမှနိုးတတ်ပင်မယ့် အချိန်ကြာလာတော့ အကျင့်တစ်ခုဖြစ်သွားသည်ထင်..မိမိနဖူးပေါ်သူမ၏အနမ်းရောက်လာသည်နှင့်အလိုလိုမျက်လုံးဖွင့်မိလျက်သား။ လွမ်းကမ္ဘာ၏ချစ်သူက သူ့အတွက်နှိုးစက်လေးတစ်ခုဖြစ်နေပြန်သေးသည်။

''ဘာတွေတွေးနေတာတုန်း 'ကမ္ဘာ' ရဲ့ ထ ရေမိုးချိုးပြီးအဝတ်အစားလဲတော့ ကိုယ်ထမင်းစားခန်းထဲမေမေနဲ့စောင့်နေမယ်''

ခေါင်းအသာငြိမ့်ပြလိုက်တော့ မိမိခေါင်းလေးကိုပွတ်ကာအခန်းထဲမှထွက်သွားသည်။ လွမ်းကမ္ဘာတစ်ယောက်ရေမိုးချိုးပြီးအဝတ်အစားလဲကာ ထမင်းစားခန်းထဲထွက်လာတော့ မိမိကိုထိုင်စောင့်နေကြသည့်မေမေနှင့်သူမ။

''အမယ်လေး မလွမ်းကမ္ဘာရယ် ကြာနေလိုက်တာညည်းမလဲ ငါ့သမီးလေးကဗိုက်ဆာနေလောက်ပြီ''

''သမီးကအမေ့သမီးပါဆို''

ဆူအောင့်ကာဖြင့်သူမ၏အနားမှခုံပေါ်ထိုင်လိုက်ပြီးမနက်စာကိုစစားတော့သည်။ထို့နောက်ပုံမှန်​နေ့အတိုင်းမေမေ့ကိုနှုတ်ဆက်ကာကျောင်းသို့ထွက်လာခဲ့ကြသည်။ထိုနေ့က
စာမမေးသော ဒေါ်ချစ်ခြင်းအလင်္ကါကြောင့် သူမ သင်သောကျောင်းသား၊​ကျောင်းသူများအဖို့ ကျောင်းထဲတွင်အံ့သြစရာကောင်းသောသတင်းတစ်ခု​ဖြစ်သွားသည်။ အံ့သြစရာကောင်းဆို သူမက ပြောပြီးစကားကိုမမေ့တတ်၊စာမေးမည်ပြောထားလျှင်လဲ တခြားကိစ္စများရှိနေလျှင်တောင် စာကိုမေးဖြစ်အောင်မေးတတ်သည့်သူဟု တစ်ကျောင်းလုံးကသိထားသည်ကိုး။

GL အပိုင်းတိုများWhere stories live. Discover now