I should love her

2.4K 99 0
                                    

"မင်္ဂလာပါဆရာ"

"မင်္ဂလာပါတပည့်တို့"

နှုတ်ဆက်ပြီးပြီးချင်းမြူနှင်းသတိထားမိသည်က ဆရာ့၏နောက်တွင်ကိုယ်လုံးသေးသေးနှင့်ကောင်မလေးတစ်ယောက်။

"ကဲတပည့်တို့ အားလုံးနဲ့မိတ်ဆက်ပေးစရာလူရှိတယ် ၊ ဟောဒါက ဒေါ်သက်ရွှေစင်တဲ့"

"ဟင်!!"

"ဘာဖြစ်တာလဲ သင်တန်းသူလေး"

မိမိထက်ငယ်မည်ဟုထင်ထားသော်လည်း ဆရာမှဒေါ်ဟုတပ်ကာမိတ်ဆက်ပေးသောကြောင့် ​မြူနှင်းအံ့သြမိ၍ အာမေဋိတ်ထွက်မိခြင်းဖြစ်သည်။ ​မြူနှင်း၏အသံကြောင့် တစ်ခန်းလုံး၏အာရုံမှာ မြူနှင်းဆီရောက်လာသည်၊ သူမအပါအဝင်။

"ဟီး ဘာမှမဖြစ်ပါဘူးဆရာ"

"ဒီနေ့ကစပြီး ဆရာမက ဆရာ့နေရာဝင်ပြီးဒီအတန်းကိုဆက်တာဝန်ယူသွားလိမ့်မယ် ၊ဆရာမကငယ်ငယ်လေးဆိုပြီး မလေးမစားတော့မလုပ်ကြနဲ့ပေါ့ကွာ ကဲဆရာ့ကိုခွင့်ပြုအုံး"

"မင်္ဂလာပါဆရာ"

ဆရာမှထိုင်ရန်အမူအယာပြသောကြောင့် တစ်တန်းလုံးထိုင်ကာ တစ်ယောက်နှင့်တစ်ယောက်တိုးတိုးစကားပြောနေကြသည်။ ​မြူနှင်းကတော့ တံခါးပေါက်ဝရှေ့တွင် ဆရာနှင့်စကားပြောနေသော ကိုယ်လုံးသေးသေးပိုင်ရှင်ဆီမှအကြည့်မခွာ။
ဘာတွေပြောနေကြမှန်း သေချာမသိ၊ ပြုံးလိုက်လျှင်မို့တက်သွားပါးဖောင်းဖောင်းပိုင်ရှင်ဆရာမသည် အရမ်းချစ်စရာကောင်းလွန်းသည်ကိုသာ မြူနှင်းသိသည်။

ကြည့်ကောင်းနေတုန်းရှိသေး ဆရာပြန်သွား၍ အခန်းတွင်းသို့သူမပြန်ဝင်လာသည်။

"ကဲ ... စာစသင်ရအောင် ဘယ်ကိုရောက်ပြီလဲ တစ်ယောက်လောက်ဆရာမကိုပြောပြပါ"

ခုဏကသူမဟုတ်တော့သည့်အတိုင်းပင်။မျက်နှာမှာတည်ငြိမ်၍ အပြုံးတစ်စက်ပင်မရှိ။တတ်လည်းတတ်နိုင်သည့်ကလေးပေါက်။
(အင်းပေါ့လေ ငယ်ငယ်လေးဆိုတော့ တပည့်တွေကြောက်အောင်/လေးစားအောင် မျက်နှာနဲ့ပဲဖြဲခြောက်ရမှာပေါ့)
ထိုသို့သာဖြူနှင်းတွေးယူလိုက်သည်။သို့သော် ချစ်ဖို့ကောင်းနေဆဲဆိုတာကိုတော့ဖြူနှင်းမညာနိုင်ပါ။အတွေးနှင့်သာယာနေချိန်

GL အပိုင်းတိုများWhere stories live. Discover now