part4🍃

857 80 10
                                    

မျက်လုံးဝိုင်းလေးနဲ့
ကျွန်တော့်ရဲ့လပြည့်ဝန်းလေ...
ရင်ခုန်အောင်
စကားဆန်းလေးတွေပဲပြောပြောနေပါလား...
အခုလည်း ကျွန်တော့်ကို hyung တဲ့ခေါ်နေပြန်ပြီ...
ဘယ်လိုသန္ဓေလေးပါလိမ့်...

"ကျွန်တော်တို့ တွဲကြမလား hyung"

ဒီစကားလေးကြောင့်
ကျွန်တော့်ရင်တွေဝုန်းဒိုင်းကြဲနေပြီ..

မင်းနဲ့တွဲပြီး မင်းလက်နုနုလေးတွေကို
ကိုင်ချင်လှပါပြီ လပြည့်ဝန်းလေးရယ်..

မင်းကိုငြင်းဆန်ဖို့စကား
ကိုယ့်ပါးစပ်ဖျားကဘယ်လိုလုပ်ထွက်နိုင်မှာလဲ....

ဘာကြောင့်မှန်းမသိ
ဝမ်းနည်းရိပ်သန်းနေတဲ့
သူ့မျက်ဝန်းလေးတွေကို
တည့်တည့်ကြည့်ပြီး
ကျွန်တော်လည်း သူ့ကိုမြင်ရင်.......
ရင်တွေဘယ်လောက်ခုန်ကြောင်း
ပြောပြဝန်ခံလိုက်တော့မယ်...

"ကလင် ကလင် ကလင်"

ဖုန်းသံ..
ကျွန်တော် နောက်ကျောတံခါးပေါက်ဘက်က ဖုန်းသံ..

ဘယ်လိုကြောင့်များ
အနှောက်ယှက်တွေဝင်ရတာလဲကွာ..
ကျွန်တော် ပြောမယ့် စကားတွေကို
ရပ်တန့်အောင်လုပ်ပစ်လိုက်နိုင်တဲ့
အဲ့ဖုန်း သံပိုင်ရှင်ကို ကျွန်တော်
ဆတ်ခနဲလှည့်ကြည့်မိလိုက်သည်...

ဒါရိုက်တာ Kim Taehyung!

"ယောင်း"

"ယောင်း"တဲ့လား..
လပြည့်ဝန်းလေးနဲ့
အဲ့ဂွကျကျ ဒါရိုက်တာနဲ့ကြဘယ်လို
ဆက်ဆံရေးပါလိမ့်....

ခုနကလပြည့်ဝန်း လေးရဲ့မျက်နှာမှာ
ဝမ်းနည်းရိပ်သန်းနေပေမယ့်
မပို့တရို့အပြုံးလေးမြင်ရသေးသည်

ခုလပြည့်ဝန်းလေးရဲ့မျက်နှာတစ်ခုလုံးမှာ
ဝမ်းနည်းရိပ်ထင်ထင်ရှားရှားပေါ်လာပြီး
ဘာလို့ တစ်ခုခုကိုအားနာနေတဲ့ပုံဖြစ်နေရတာလဲ....

ကျွန်တော် နှလုံးခုန်နှုန်းတွေ အားရုတ်သွားသလို့ပင်..

မတော်တဆ ကျွန်တော်ထင်ထားသလိုများဖြစ်ခဲ့ရင်...

"Hyung... ကျွန်တော်သွားလိုက်ဦးမယ်"

ဖုန်းပြောရင်း လှည့်ပြန်သွားသည့်
ဒါရိုက်တာ Kim နောက်
ကျွန်တော့်ရှေ့မှ ပြောပြောဆိုဆို
ထထွက်ပြီး ပြာယာ ပြာယာနှင့် လိုက်သွားလေသော..
သူ့ပုံစံလေးက ကျွန်တော့်ကို
မသိမသာလေး ခံစားစေခဲ့ပြီ...

ခြွေ🍃(chway)Where stories live. Discover now