Hyung လက်ကလေးကနွေးထွေးလွန်းတယ်။
Hyung ဟန်ပန်အမူရာလေးတွေက
နူးညံ့လွန်းတယ်Hyung ရဲ့အကြည့်လေးတွေကို တာရှည်မတင်းခံနိုင်ပေမယ့် hyung ကျွန်တော့်ကိုပဲကြည့်တာဖြစ်စေချင်သည်
Hyung ရဲ့ရှင်းသန့်ကျော့ရှင်းမှုတွေက
ကျွန်တော့်အတွက်ပဲဒါ့အပြင်
Hyung နာကျင်ရသမျှ ကျွန်တော်နဲ့ဆိုင်တယ်
တစ်ပြိုင်တည်း hyung နာကျင်မှုတွေက
ကျွန်တော့်ရဲ့နာကျင်မှုတွေပါပဲ...ကျွန်တော် hyung ကိုအဲ့လောက်ထိအသက်မက
ချစ်တာပါဒါကို hyung က ကျွန်တော့်ကို
ထားသွားတယ်တဲ့အပူအပင်တွေနဲ့ကျွန်တော့်ကို
စိတ်ကင်ဆာ သူထပ်ပေးခဲ့တယ်အင်း ဒီနာကျင်မှာတွေက အသည်းထဲထိ
စိမ့်ပါရဲ့။ ။ဘာတဲ့..
သူစာထဲမှာချန်ထားခဲ့တဲ့ စကားစုလေးက
"ကိုယ့်ကမင်းမကြိုဆိုတဲ့သူ"တဲ့
ဒါဘယ်လို လှည့်စားတဲ့စကားပါလိမ့်ကြိုဆိုတာထက်ပိုတဲ့ ဆက်သွယ်မှုပါ
သူမရှိရင် အသက်ပါမရှင်နိုင်လောက်အောင်
ဖြစ်မှာမို့ သူက ကျွန်တော့်လိုအင်ပါ
လိုအင်ကိုဖြည့်မယ့်သူကိုမကြိုဆိုတဲ့
ကျွန်တော့်က လူမိုက်ဖြစ်သွားမှာဗျ...ရီရတယ် ကျွန်တော့်က လက်လွှတ်ဖို့
ကြိုးစားခဲ့ရုံပဲ
သူကလက်တွေ့ကျကျ လက်လွှတ်သွားတာ
ကျွန်တော်မရူးဘူး
အက်ကြောင်းထပ်အောင် ဒီစကားပဲ
ထပ်ပြောရမယ်ဆို ကျွန်တော်က hyung ကို
လက်လွှတ်ဖို့ချစ်ခဲ့တာမဟုတ်ဘူး
ပိုင်ဆိုင်ဖို့ချစ်ခဲ့တာလေ။ ။"ပြော Park Jimin ဘယ်မှာလဲအခု"
စီနီယာ အကို Seokjin သေချာပေါက်
သိမယ်မှန်းကျွန်တော်သိသည်ကျွန်တော့်အမေးကြောင့် စီနီယာ Seokjin
မွန်းကျပ်နေသည့်မျက်နှာထားဖြင့်"မသိဘူး ငါဘာမှမသိဘူး ဒီတိုင်း
စာလာပေးလို့ယူထားပေးတာ
စာ စာ စာထဲမှာ ဘာရေးထားမှန်းလည်း
ငါမသိဘူး"ကျွန်တော့်ကို လမ်းတွေပျောက်စေခဲ့ပြီ
အရူးတပိုင်းမဖြစ်ရုံတမယ်ပေါ့..
![](https://img.wattpad.com/cover/293955156-288-k838612.jpg)
YOU ARE READING
ခြွေ🍃(chway)
Fanfictionဘယ်လောက်ပဲရုန်းရုန်း နောက်ဆုံးတော့ ဒီမေတ္တာချည်တိုင်မှာ ကျွန်တော်လာငြိမြဲပါပဲလေ။ ။