part 16🍃

613 71 14
                                    

Seokjin တစ်ယောက် ဘဝမှာဒီတစ်ခါလောက်
အံ့သြရတဲ့ အံ့ဩမှုမျိုး တစ်ခါမှ
မကြုံတွေ့ဖူးခဲ့..

Jungkook က ဖေဖေလို့
တတွတ်တွတ်အော်ခေါ်ပြီး
ငိုကြွေးနေခဲ့တဲ့ Jungkook ရှေ့က
လူက Seokjin ငယ်ငယ်လေးကတည်းက
သိနေခဲ့တဲ့ အိမ်ဘေးချင်းကပ်လျှက်က
Jimin ရဲ့ပထွေးဆိုသူလေ....

ရေစက်တွေက သိပ်ကြောက်ဖို့ကောင်းပါတယ်

ဒီလို အံ့ဩစရာတွေ ကြုံတွေ့လာခဲ့ပြီးနောက်
Jimin နဲ့ Jungkook ရဲ့ အနာဂတ်က
လေးသထက်လေးလာတော့မှာ

စောင့်ထိန်းရမယ့်ကျင့်ဝတ်တွေအရ
သူတို့ရဲ့ဘဝလေးတွေ ကွဲရှသွားစေမယ့်
စကားလုံးတွေမပြောမိဖို့ အတန်တန်
ထိန်းချုပ်ရတော့မယ့်အပြင် ဖုံးဖိပေးဖို့
တာဝန်တစ်ခုကတိုးလာခဲ့ပြီ

အချင်းချင်း ဘယ်သူက ဘယ်သူဆိုတာ
သိသွားခဲ့ကြရင် ချက်ချင်းဆိုသလို
ရင်နာစရာမိုးကြိုးမုန်းတိုင်းတွေတိုက်ခတ်လာတော့မှာ အသေချာ

Jungkook ဘက်က ဘယ်လိုအနေအထားဆိုတာ
မသိပေမယ့် ငယ်ကတည်းက
အတွင်းသိအဆင်းသိဖြစ်လာတဲ့
Jimin ကတော့ ပထွေးဖြစ်သူရဲ့သားကို
နာနာကျည်းကျည်းကိုမုန်းနေခဲ့တာကို
Seokjin အသိဆုံးမို့ အမှတ်သည်းညှာ
အရမ်းထားတတ်တဲ့ Jimin က Jungkook
အပေါ် မတွေးအပ်တဲ့လက်စားချေခြင်းမျိုး
ပြုလုပ်ခဲ့ရင် Jungkook အရူးတစ်ပိုင်း
ဖြစ်ကျန်ခဲ့ပြီး ရင်နာစရာကောင်းတဲ့
ပေးဆပ်ခြင်းမျိုးပေးဆပ်ရမှာ

တစ်ယောက်နဲ့တစ်ယောက်
သေမတက်ချစ်ကြတဲ့ သူတို့လေး ၂ယောက်ကို
ရင်နာစရာပေးဆပ်ခြင်းတွေကနေ
Seokjin ကူညီပေးလို့ရရင်ကူညီပေးလိုက်
ချင်စမ်းပါရဲ့။ ။

"ဟူး ကမ္ဘာကြီးက ကျဥ်းကျဥ်းလေးပဲ"

Seokjin စိတ်ကလေး အပန်းပြေအောင်
ဆေးရုံ အပြင်ဘက် မြက်ခင်းစိမ်းလေးများရှိရာသို့
မနက်အာရုံဦး လေညင်းလေးများကို
ခံစားရင်းထွက်လာခဲ့လိုက်သည်

Seokjin အပြင်ဘက်ရောက်တော့
မလှမ်းမကမ်းမှာ Taxi တစ်စီး ထိုးရပ်လာပြီး
Taxi ပေါ်ကဆင်းလာခဲ့သူမှာ Seokjin ရဲ့ငွေကြယ်လေး

တစ်ကိုယ်လုံးဒဏ်ရာတွေအပြည့်နဲ့
ငွေကြယ်ကလေး Taehyung ကို
Seokjin တွေ့လိုက်ချိန် နဂိုပူပြီးသား
ရင်တစ်စုံကို ထပ်ပြီးမီးမြှိုက်လိုက်သလို
ပူလောင်သွားစေခဲ့ပြီး လျင်မြန်သော
ခြေလှမ်းကလေးများနဲ့ ငွေကြယ်လေးရှိရာသို့..

ခြွေ🍃(chway)Where stories live. Discover now