part7

1.9K 75 5
                                    

မနက်ခင်း နေရောင်ဟာ အခန်းအတွင်းသို့ ဖြာကျလျက်ပင်။ ငှက်ကလေးများရဲ့ တေးသီသံဟာ သာယာလျက်ပေ။ ဒီနေ့ဟာ ရာသီဥတုအလွန် သာယာလှသည်။

ဗွမ်း.........!

ရာရာတယောက် အိပ်နေတုန်း ရေနဲ့အပတ်ခံတော့ လန့်ကာနိုးခဲ့တယ်။ ရုတ်တရက်ထထိုင်လိုက်ရပေမဲ့ အောက်ပိုင်းက တဆစ်ဆစ်နာကျင်နေခဲ့သည်။

"မနက်မိုးလင်းနေပြီ ထတော့ ကျုပ်ဗိုက်ဆာနေပြီ"

ရှိန်ဟာရေချိုးပြီးလို့ အဝတ်ပင်လဲပြီးနေပြီ။ အပြင်သွားမလို့ပင်ထင်ရတယ်။ အကျီ ရှပ်အကျီနဲ့ စတိုင်ပန်(န်)ဘောင်းဘီ အနက်နဲ့။

"ကျစ်! မင်းဘာသာ ရှိတာစားပါလား ဘာကိစ္စလာနိုးနေတာလဲ"

ရာရာလည်း မျက်နှာကရေတွေကိုခါရင်း ပြောလိုက်တယ်။အိပ်နေတာကို ရေနဲ့အပက်ခံရတော့ မနက်စောစောစီးစီး ဒေါသလဲထွက်မိသည်။

ရှိန်က တံခါးဘောင်ကိုမှီကာ ရာရာ့ကို မျက်လုံးများ မှေးစင်းရင်းကြည့်လိုက်တယ်။

"ဟက်! ကျုပ်ခင်ဗျားကို ယူထားတာ ခိုင်းစားဖို့
အခုထပြီး မနက်စာပြင်ပေး!!"

ရှိန်ရဲ့အသံဟာ အမိန့်ပေးသလိုအသံနဲ့ သြဇာညောင်းလွန်းလေသည်။ မနက်အစောကြီး စကားမများချင်လို့ နာကျင်မှုကို သည်းခံကာ မျက်နှာသစ် သွားတိုက်ပြီး အောက်ထပ်သို့ဆင်းကာ ကြက်ဥကြော်နဲ့ ထမင်းကြော် လုပ်ပေးလိုက်တယ်။

"စားတော့ ရပြီ ငါရေသွားချိုးအုံးမယ်"

ပြင်ပေးတာ စေတနာပါချက်က ကြက်ဥကငန်ပြီး ထမင်းကလည်း တူးလို့ ကော်ဖီကလည်း ချိုရဲနေတာပဲ။

ရှိန်ထိုင်နေရင်း ထမင်းပန်ကန်ရော ကော်ဖီအိုးကိုပါ ခွဲလိုက်တယ်။ ရာရာအပြင်ထွက်မဲ့ ခြေလှမ်းဟာ တန့်သွားတယ်။

ပန်းကန်နဲ့ ကော်ဖီအိုးက သူအလွန်နှစ်သက်လို့ မသုံးရက်သိမ်းထားတာ။ခုတော့ ကြမ်းပြင်မှာ ကြွေမွလို့။ ရာရာ ရှိန့်ကို ဒေါသထွက်စွာကြည့်၍

"မင်း မမျိုချင်ရင် အဲ့တိုင်းထားလေ အခုလိုခွဲပြစ်စရာလား!!"

"ကျုပ်ကခင်ဗျားလင်ပါ စောက်စေတနာမပါပဲ လုပ်ပေးတာကို စားမရလို့ လုပ်တာလေ မလုပ်စေချင်ရင် အစတည်းက ကောင်းအောင်ချက်! ခင်ဗျားကျစောက်ချိုးမပြေပဲ ကျုပ်ကိုအသံကောင်းလာဟစ်မနေနဲ့"

MY step-father son become my husband S1 (completed) Where stories live. Discover now