part40

616 17 0
                                    

"အားမာန်!! မင်းလင်ကိုငါကအလကားခိုင်းတာမဟုတ်ဘူးနော် လစာပေးထားတာ"

"အကို! ခုကမာန်တို့ဟန်နီးမွန်းသွားချင်လို့ကို...ကျတော်ကဂုဏ်လည်းကြည့်ရ အကိုရှာတာလည်းရှင်းရနဲ့"

အားမာန်လည်းသူ့အကိုဆီကခွင့်တောင်းပြီး ဇွဲမာန်နဲ့ခရီးထွက်မလို့။ခုတော့အထင်နဲ့လက်တွေကလွဲနေတယ်လေ။

"မင်းတို့လက်ထက်တာ၃နှစ်ကျော်နေပြီ ခုမှဟန်နီးမွန်းတဲ့လား...သွားချင်ရင်နောက်လမှသွား"

"ပြီးတာပဲနောက်လဆိုတော့လည်းနောက်လပေါ့"

အားမာန်ပြန်သွားတော့...

"ဇွဲမာန်ဝင်လာခဲ့"

"ရောက်ပါပြီboss"

"ဟိုအကောင်သတင်းဘာကြားလဲ"

"ခုတော့ငြိမ်နေပါတယ် ဒါမဲ့သူ့ကိုမသင်ဃာဘူး အကိုလေးတို့နောက်ထပ်ချက်မကွာလိုက်နေတာတွေ့နေတယ်"

"ဂုဏ်းကလူ၆၀ကိုတေးသွားအိမ်ပတ်လည်မှာနေပြီးစောင့်ကြည်လို့ လူ၄၀ကိုတေးသွားဘယ်သွားသွားသတိမထားမိအောင်လိုက်လို့ မှာလိုက် နေ့သစ်ကိုငါတွေ့ချင်တယ် မင်းစီစဥ်ထားလိုက်"

"yes boss"

ရှိန်လည်းအလုပ်တွေလက်စသတ်ပြီး ရာလေးဆီထွက်ခဲ့တယ်။သူမတွေ့ရတာ၁၉နာရီရှိနေပြီလေ။ ပြီးတော့တေးသွားကစိတ်ပြေသေးတာမဟုတ်ဘူး။

"ဒယ်ဒီ....ရေး....."

သားအတွက်ဂိမ်းစက်လေးဝယ်လာခဲ့တယ်။သားကအသက်ကသာငယ်နေတာ အကုန်လုပ်တက်နေပြီ။သားပြောဖူးတာရှိတယ်။ကြီးလာရင် မာဖီးရားခေါင်းဆောင်လုပ်မှာတဲ့။

"ဇမ်းမာနမာန်......အခုချက်ချင်းဆော့တာရပ်စမ်း"

ရာလေးကြည့်နေတာကြာပြီ။ရှိန်လာတည်းကဆော့နေတာ၅နာရီပင်ထိုးနေပြီ။မနားသေးဘူး မျက်လုံးထိခိုက်မှာစိုးရတယ်။အလိုလိုက်တာလည်းတော်ရုံပဲကောင်းတယ်။ခုဟာကအလွန်အကျွံ။

"အီးး.......ဒယ်ဒီ....ပါးကဆူတယ်......ဟင့်..."

ရှိန်ကသားကိုငိုအောင်လုပ်ရလားဆိုပြီး ရာလေးကိုစိုက်ကြည့်နေတယ်။

MY step-father son become my husband S1 (completed) Where stories live. Discover now