EXTRA-1

1.9K 224 0
                                    

[Unicode]

အခန်း(၉၈):ရုပ်ရှင်ရိုက်ကူးရေး ၁


ကမ္ဘာပေါ်ရှိ အပျော်ရွှင်ရဆုံးကိစ္စမှာ သင်ချစ်ရသူနှင့် သဘာဝအတိုင်းအိပ်ရာကမနိုးလာခင်အထိ အတူတူအိပ်ရပြီးတော့ အရသာရှိတဲ့နံနက်စာကို စားကြရသည်ပဲ ဖြစ်သည်။

လောလောဆယ်မှာတော့ ဒါက ဆုနိုရဲ့လက်​တွေ့ဘဝပါပဲ။

ဒါ​ပေါ့!သဘာဝအတိုင်း မနိုးလာတဲ့အကြိမ်ရေ အနည်းငယ်ရှိတာ​ပေါ့လေ!ဒါ​ပေမယ့်လည်း အနမ်း​လေးနဲ့ နှိုးခံရတယ်​!ဒါကြီးက အရမ်းကို မိုက်တာပဲ!တကယ့်ကို သက်​တောင့်သက်သာရှိတယ်!

"မောနင်း....." ပြတင်းပေါက်မှနေရောင်ဝင်ရောက်လာသည်နှင့်အမျှ အိုးရန်လုံသည် သူ့ပါးပြင်တစ်ဖက်ကို ဖျစ်ညစ်လိုက်သည်။

ကမ်းစပ်ခပ်​ဝေး​ဝေး၌ ရိုက်ခတ်​နေတဲ့ လှိုင်းတံပိုးခတ်သံကို ကြား​နေရ၏။ဆုနိုသည် သူ့ခန္ဓာကိုယ်ကို နူးညံ့ပျော့​ပျောင်းတဲ့ အသိုက်မြုံထဲမှာ ဆန့်တန်းရင်း သူ့မျက်လုံးတွေက ခပ်ကျဥ်းကျဥ်းအ​နေအထား, အပေါက်လေးတစ်ခုလို ဖွင့်လိုက်ပြီး စ​ပြောလိုက်သည်။ "မနေ့ညက အိပ်မက်အရှည်ကြီးမက်ခဲ့တယ်"

"ဘာအိပ်မက်မက်ခဲ့တာလဲ?" အိုးရန်လုံ မေးလိုက်သည်။

"ဂြိုလ်သားအုပ်စုကြီးက ကမ္ဘာမြေကို တိုက်ခိုက်ပြီး ထျန်ချန်း entertainment အဆောက်အအုံကို ဖျက်ဆီးပစ်ခဲ့တယ်။ ဂျက်ဆန်ကိုလည်း နဂါးငွေ့တန်းဂလက်ဆီအပြင်ဘက်မှာ နေတဲ့ လက်တန်ရှည်မွန်းစကား​ကောင်​တွေရဲ့ ရက်စက်စွာဖမ်းဆီးတာကိုခံခဲ့ရတယ်လို့ ကျွန်တော် မက်ခဲ့တာ" ဆုနိုရဲ့ အိပ်မက်က တကယ်ကြောက်စရာကောင်းတာပဲ!

"မင်းကရော?" အိုးရန်လုံ ပြုံးလိုက်သည်။

"ကျွန်​တော်က အလုပ်,လုပ်ဖို့မလို​တော့တာ​ကြောင့် အောင်ပွဲခံဖို့ အသားကင်တွေ စားနေတယ်" ဆုနို ရယ်လိုက်၏။

အိုးရန်လုံ : ........

"မင်း တကယ်အလုပ်မလုပ်ချင်ဘူးဆိုရင် ကိုယ်တို့ရဲ့အားလပ်ရက်ကို ထပ်တိုးလို့ရတယ်နော်" ဒါ့ကြောင့်မို့ မစ္စတာဒါရိုက်တာသည် တကယ့်ကိုချစ်တတ်လွန်းတဲ့ top တစ်​ယောက်ပင်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now