62

11.7K 1.8K 109
                                    

{Unicode}

"စိတ်နှင့်ခန္ဓာကို အပိုင်သိမ်းရန်"

ယဲ့ထင် အခန်းထဲ ဝင်လာချိန်တွင် မည်သို့သော စကားကိုမှ မကြားလိုက်ရသည့်အလား အမူအရာမှာ လွန်စွာမှပင် ငြိမ်သက်နေ၏။

ရန်ကျားလိလည်း သူတံခါးဝမှ ဝင်လာသည်ကို မြင်သောအခါ ပါးစပ်ကို အချိန်မီ ဘရိတ်အုပ်ပစ်လိုက်ပြီး ဘာမှ ဆက်မပြောတော့ချေ။ လန်ထျန်းမှာတော့ လှော်ထားပြီးသား အခွံချွတ် သီဟိုစေ့ကို ပါးစပ်ထဲ အကြမ်းပတမ်း ပစ်ထည့်လိုက်ပြီး မိမိပါးစပ်ကို ပိတ်ထားရသည်။

ယဲ့ထင်သည် လက်ကိုင်အိတ်ကို ချထားလိုက်ပြီး ရန်ကျားလိက ကြမ်းပြင်ပေါ်တွင် ခြေဗလာနှင့် မတ်တတ်ရပ်နေသည်ကို မြင်သောအခါ မျက်နှာသေနှင့်

"ကြမ်းပြင်က ဒီလောက်အေးတာ၊ ဘာလို့ အိမ်စီးဖိနပ် ဝတ်ရမယ် ဆိုတာတောင် မသိရတာလဲ"

သူသည် ဘီရိုထဲမှ အမွေးပွ ဖိနပ်တစ်ရံကို ထုတ်ပြီး ရန်ကျားလိရှေ့ ပစ်ပေးလိုက်သည်။

ယဲ့ထင် ပြန်ရောက်လာသည်နှင့် တစ်အိမ်လုံး၏ လေထု အငွေ့အသက်မှာလည်း ငြိမ်ကျသွားလေသည်။

လန်ထျန်းသည် နှာခေါင်းကို ပွတ်နေပြီး ရန်ကျားလိအနား တစ်ခဏလောက် ကပ်ပါးရပ်ပါး လုပ်နေပြီးမှ မိမိ၏ နေအိမ်သို့ ပြန်သွားသည်။

ညစာစားချိန်တွင် ရန်ကျားလိနှင့် ယဲ့ထင်သည် မျက်နှာချင်းဆိုင် အနေအထားတွင် အူဒုံခေါက်ဆွဲ စားနေကြပြီး မည်သူ တစ်ဦးတစ်ယောက်ကမှ စကားမပြောဖြစ်ခဲ့ကြပေ။

စားလို့ကုန်ခါနီး အချိန်မှသာ ယဲ့ထင်၏ အလွန်မှိုင်ထွေစွာနှင့် ထွက်အံလာသော လေသံ တိုးဖျော့ဖျော့ကို ကြားလိုက်ရသည်။

"ရန်ရန်"

ရန်ကျားလိ၏ စားသုံးတူက ရပ်တန့်သွားသော်ငြား ခေါင်းတော့ မော့မလာခဲ့။

ယဲ့ထင်သည်လည်း မည်သို့သော အကြောင်းအရာကို တွေးမိသွားသည်မသိ၊ တစ်ချက်မျှ ပြုံးလာခဲ့သည်။ ထို့နောက် ခေါင်းပြန်မော့လာသောအခါ မျက်လုံးများက နင့်နင့်နဲနဲ မှောင်ရီဖျိုးဖျနေပြီး လေသံမှာလည်း နှင်းခဲအလွှာများ ကာရံထားသကဲ့သို့ ကူကယ်ရာမဲ့စွာနှင့် အအေးဓာတ်များစွာ လွှမ်းခြုံလို့နေခဲ့သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now