63

11.7K 1.8K 69
                                    

{Unicode}

"မင်းရဲ့လက်နဲ့ ကိုယ်တိုင်
တွန်းထုတ်ခဲ့ရဲ့သားနဲ့"

ယဲ့ထင်သည် လွန်ခဲ့ပြီးသော အချိန်ကာလကို ပြန်လည် အမှတ်ရမိသွား၏။

ရှေ့တစ်ခေါက်တုန်းက သူသည် ရန်ကျားလိ၏ စိတ်နှင့်ခန္ဓာက မိမိထံတွင်သာ လက်နက်ချ အရှုံးပေးလာဖို့အရေး ရန်ကျားလိအား ကုတင်ခေါင်းရင်းတွင် လက်ထိတ်နှင့် နှောင်ခတ်ထားကာ တွန်းအားပေးပြီး ကိုယ်လက်နှီးနှောခဲ့သည်။

ထိုစဥ်အခါက ရန်ကျားလိ၏ အမူအရာမှာ လွန်စွာမှပင် နာကျင်နေပုံပေါက်ပြီး နစ်မွန်းနေသည့် အတိုင်းပါပင်။ ပြောရမည်ဆိုလျှင် ယဲ့ထင် ကိုယ်တိုင်အတွက်လည်း အကျိုးဆက် ရလဒ်များက ကောင်းမနေခဲ့ပါပေ။

သူသည် လူကို အပိုင်သိမ်းပိုက်ပြီး ရန်ကျားလိ၏ ကိုယ်ခန္ဓာက မိမိ၏ အောက်တွင်သာ ဝပ်မြဲနေခဲ့လျှင် ထွက်မပြေးနိုင်တော့သလို မိမိအားလည်း မခွဲခွာနိုင်တော့ဟု ထင်မှတ်ခဲ့သည်။ သို့ပါသော်လည်း ရန်ကျားလိ၏ ပျော်ရွှင်မှု သို့မဟုတ် နာကျင်မှု အလုံးစုံမှာ မိမိ၏ ထိန်းချုပ်မှု အောက်တွင်သာ ရှိနေခဲ့ပါသည့်တိုင် မိမိနှင့် သူဟာ ဝေးနိုင်သမျှ ဝေးနေဆဲဟုသာ ခံစားနေရသည်။

ယဲ့ထင်သည် ရေချိုးကန်ထဲမှ လူကို ဆွဲမ,ပြီး ကုတင်ပေါ် တင်လိုက်သည်။

ရန်ကျားလိ၏ မျက်နှာက ဖြူဆုတ်နေပြီး တစ်လျှောက်လုံး ရုန်းကန်ကာ ထွက်ပြေးဖို့ ကြိုးစားနေသည်။

ယဲ့ထင်သည် သူ၏ လက်နှစ်ဖက်လုံးကို ချုပ်ကိုင်ထားပြီး မျက်လုံးထဲတွင်လည်း စိတ်ရူးဖောက်နေသော ခံစားချက်များ ရုပ်လုံးကြွလာ၏။

ပိုးဖလံက မီးပုံနှင့် တွေ့ဆုံကြုံကြိုက်သွားသလိုမျိုး၊ သို့မဟုတ် သံလိုက်ဖိုနှင့် သံလိုက်မတို့ ဆုံစည်းသွားကြသလိုမျိုး တစ်ဖက်သားထံသို့ မဆိုင်းမတွ အ​လျင်စလို ပြေးဝင်သွားကာ ရန်ကျားလိ၏ စိတ်နှင့် ခန္ဓာကို အရယူပြီး မိမိ၏ ထာဝရ ပိုင်ဆိုင်မှုအဖြစ် သက်သေထူမည်။ ထို့အပြင် ယဲ့ထင်၏ နှလုံးသားထဲတွင် အမြစ်တွယ်နေသော ဧရာမ သစ်ပင်ကြီးကဲ့သို့ ဆွဲထုတ် ဖျောက်ဖျက်ပစ်၍ပင် မရနိုင်တော့သော စွဲလမ်းမှုတစ်ခု ဖြစ်လာစေတော့မည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now