Ep 36

14.9K 1.4K 366
                                    

ဒီရက်ပိုင်း Euphoria Company မှာရှိတဲ့ဝန်ထမ်းတွေတစ်ယောက်မှတုတ်တုတ်မလှုပ်ရဲကြ...ခါတိုင်းတနေရာကနေတနေရာအတင်းထပြောတဲ့သူတွေတောင် ကိုယ့်နေရာမှာပဲဖင်မြဲအောင်ကပ်နေကြရသည်...ပြောစရာရှိရင်လည်း လိုင်းပေါ်ကနေတဆင့်ပဲပြောကြသည်...

အကြောင်းကားနေ့တိုင်း မျက်နှာမကောင်းဖြစ်နေတဲ့သူတို့ရဲ့ Boss ကြောင့်ပင်..လက်ထောက် နဲ့ Manager ဆို ရုံးခန်းထဲကိုခနတိုင်းဝင်သွားကြရသည်...ပြီးရင်အငေါက်ခံရပြီးပဲပြန်လာကြသည်...Taehyung လုပ်ရမယ့်အလုပ်ကို လက်ထောက်ကလုပ်နေရတာကြောင့် Boss ဖြစ်တဲ့ Jungkook ဆီကစိတ်တိုင်းမကျပဲအမြဲအော်လွှတ်တာခံရသည်..Manager ကလုပ်ပေးပြန်တော့လည်း အသုံးမကျဘူးဟုဆိုကာ ဆဲလွှတ်သည်...

ခါတိုင်းသူတို့ Boss ကအဲ့လောက်စိတ်မကြီး...Taehyung အလုပ်ထွက်သွားပြီးတဲ့နေ့တည်းက တစ်ယောက်မှအဆူမခံရတဲ့နေ့ဆိုတာမရှိ...Company ကလူတွေစိတ်ထဲမှာတော့ Taehyung အလုပ်ပြန်လုပ်ပါစေဟုသာဆုတောင်းနေကြရသည်...
.
.

သုံးရက်...Taehyung ကိုမတွေ့ရတာသုံးရက်တောင်ရှိသွားပြီ...သုံးရက်ဆိုတာဘယ်လောက်မှမကြာသေးပေမယ့် သူ့အတွက်တော့ သုံးနှစ်လောက်ကြာတယ်လို့ Jungkook ထင်နေမိသည်...အရင်ကတည်း Taehyung ဘယ်မှာနေတယ် ဘယ်ကလာတယ် တစ်ခုမှမသိခဲ့..မေးလည်းမမေးခဲ့မိဘူး..သူအခုမှနောင်တရလာသည်...သူ့အနားက Taehyung ထွက်သွားလိမ့်မယ်လို့ မတွေးခဲ့မိတာကြောင့်လည်း ထိုအရာတွေကိုအရေးတယူမရှိခဲ့တာပင်..

ညဘက်ဆိုလည်း တစ်ယောက်တည်းအိပ်ရတာနေသားမကျတော့တာကြောင့် Jungkook အခုထိကောင်းကောင်းမအိပ်ရသေး...Company မှာကျတော့လည်း Taehyung လုပ်ပေးနေကျအလုပ်တွေကို တခြားတစ်ယောက်ကလုပ်ပေးနေတာကြောင့် စိတ်တိုင်းမကျစွာဒေါသတွေပဲထွက်နေမိသည်...အရင်တည်းက Taehyung ဇာတိမှာ Seoul မဟုတ်တာကြောင့်ရှာရလည်းခက်နေကာ အခုထိသတင်းအစအနတောင်မရ...

တဖြည်းဖြည်းJungkookစိတ်ဓာတ်တွေထိုးကျလာသည်..Taehyung သူ့ကိုတကယ်ကြီးစိတ်ကုန်သွားတာလားလို့ တွေးမိတော့သူ့ရင်ထဲကနာကျင်လာသည်..

(Taeရာ..မင်းဘယ်မှာလည်းကွာ..)
.
.

ထိုအချိန် Daegu ကစတော်ဘယ်ရီစိုက်ခင်းထဲမှာတော့...

My Boyfriend is a Villain 😈(Complete)Donde viven las historias. Descúbrelo ahora