02 👼 Guardian Angels

396 52 51
                                    

[Unicode]

Guardian Angel....။

လူသားတစ်ယောက်ကို စောင့်ရှောက်ဖို့အတွက် တာဝန်အရ ဖြစ်တည်မှုတစ်ခု...။

ကျရောက်လာမယ့် ကံဆိုးမှုတွေကို လုံးဝမတားဆီးနိုင်သည့်တိုင် ခန္ဓာနဲ့စိတ် ထိခိုက်မှုကို နည်းသထက်နည်းအောင် လုပ်ပေးရမှာက သူတို့အလုပ်...။

အဲ့လို ဘေးနားက စောင့်ရှောက်ပေးဖို့ တာဝန်ရှိတဲ့ Guardian Angel မျိုး မရှိတော့ရင်ရော...။ ဥပမာပြောရရင် လူသားတစ်ယောက်အဖြစ်ပြောင်းလဲသွားတာမျိုးပေါ့...။

တိတ်ဆိတ်အေးချမ်းတဲ့ညနဲ့ ထပ်တူညီစွာ Seoul မြို့အလယ်က ၅ ထပ်တိုက်ငယ်လေးကလည်း မီးတွေအကုန်မှိတ်ပြီး တိတ်ဆိတ်လို့နေသည်။ ၃ ထပ်မြောက်က အခန်းငယ်လေး ၂ ခုကတော့ ချွင်းချက်...။

Lee Know မျက်နှာက ဒဏ်ရာတွေကို ဆေးထည့်ရင်း Lee Know မေးသမျှကိုလည်း တရဆက်ဖြေနေရတဲ့ Jisung အတွက်တော့ ဒုက္ခက မသေးလှပါ...။

"ငါ့အကြိုက်ဆုံး Ice-cream...?"

"Strawberry"

"ပထမဆုံးရတဲ့ မွေးနေ့လက်ဆောင်က...?"

"Chan hyung ဆီက beanie အနီရောင်"

"ပထမဆုံးရတဲ့ Christmas လက်ဆောင်...?"

Jisung သက်ပြင်းတစ်ချက်ချလိုက်ပြီး ဆေးထည့်နေတဲ့ လက်ကို ရုတ်လိုက်သည်။

"ဘာလဲ ဖြေလေ"

"တိတ်တိတ်နေလို့ မရဘူးလား Hyung ဒဏ်ရာတွေကို ဆေးထည့်ပေးနေတယ်လေ... ပြီးတော့ မေးနေတာကလည်း တော်တော်များနေပြီ ၁၀၀ ကျော်လောက်ရှိပြီလား"

"မင်းကလည်း Guardian Angel ဆိုပြီး ဒီလောက်လေးတောင် စိတ်မရှည်ဘူးလား... တစ်သက်လုံး ငါ့ကို ကျိန်ဆဲလာတာလား"

"အာ Hyung... အဲ့လိုမဟုတ်...."

ရုတ်တရက် ပတ်ဝန်းကျင်လေထုကို ငြိမ်သက်သွားစေတာက ဗိုက်ထဲကလာတဲ့ တဂွီဂွီမြည်သံ...။

"Hyung ဘာမှမစားရသေးဘူးလား"

"ငါမဟုတ်ဘူး"

"Hyung မဟုတ်ရင် ဘယ်သူ......
ကျွန်တော်လား"

နောက်တစ်ခါထပ်ကြားလိုက်ရတဲ့အသံ​ကြောင့် ဘယ်သူမှန်း သေချာသွားပါပြီ။

Hello Hangel || MinsungWhere stories live. Discover now