03 👼 The Rich Kid

381 50 39
                                    

[Unicode]

ခြံအကျယ်ကြီးထဲက နန်းတော်နဲ့တူတဲ့အိမ်အကြီးကြီးတစ်ခု...။

ခြံထဲမှာ အပြည့်နေရာယူထားတဲ့ အစိမ်းရောင်မြက်ခင်းပြင်ရယ်၊ အိမ်ရှေ့မှာရှိတဲ့ ရေပန်းအကြီးကြီးရယ်၊ အိမ်ဘေးက ပန်းဥယျာဥ်ကျယ်ကြီးရယ်နဲ့ သိပ်ကို တင့်တယ်တာပေါ့...။

ဆင်စွယ်ရောင်အိမ်ကြီးထဲကို ဝင်လိုက်တာနဲ့ ဆီးကြိုနှုတ်ဆက်နေတာက ဧည့်ခန်းမျက်နှာကျက်က ရွှေရောင်မီးဆိုင်းအကြီးကြီး...။ ဘယ်နေရာကိုကြည့်ကြည့် တန်ဖိုးကြီးပစ္စည်းတွေနဲ့သာ တန်ဆာဆင်ထားတဲ့ ထိုနေရာရဲ့ အရှိန်အဝါတွေက အံ့အားသင့်စရာပင်...။

ဧည့်ခန်းနဲ့ အပေါ်ထပ်ကို ဆက်သွယ်ထားတဲ့ ကြီးမားထည်ဝါတဲ့လှေကားကနေ ဆင်းလာတဲ့ လူငယ်ကောင်လေးကတော့ ထိုအိမ်တော်ရဲ့ တစ်ဦးတည်းသော သခင်လေး Seo Changbin ဆိုသူ...။

တောက်ပတဲ့အိမ်အသွင်အပြင်နဲ့ မတူဘဲ ထိုကောင်လေးရဲ့ မျက်နှာအမူအရာကတော့ ညှိုးနွမ်းနေသည်။

အသက်မပါတဲ့ ခြေလှမ်းတွေရဲ့ ဦးတည်ရာက ရနံ့ပေါင်းစုံကြိုင်နေတဲ့ ထမင်းစားခန်း...။

အဖြူရောင်စားပွဲအကျယ်ကြီးပေါ်မှာ ဟင်းမယ်အစုံနဲ့ မုန့်အစုံကို တည်ခင်းထားသည်က သာမန်ထမင်းတစ်နပ်စားဖို့အတွက်သာဆိုလျှင် ယုံရခက်ပေသည်။

"အိပ်မက်ဆိုးတွေမက်ပြန်ပြီလား သခင်လေး"

စားပွဲရှေ့မှာ ထိုင်လိုက်တာနဲ့ အသက် ၅၀ ဝန်းကျင် အမျိုးသမီးတစ်ယောက်က ဘေးနားမှာ လာရပ်ရင်းမေးလိုက်သည်။

ထိုအမျိုးသမီးက Seo အိမ်တော်ရဲ့ အိမ်တော်ထိန်း Lucy...။

Lucy ရဲ့ ထင်မြင်ချက်မှန်သည်ဟူသော သဘောဖြင့် ခပ်ရေးရေးပြုံးပြလိုက်သည်။

ပွဲတော်သဖွယ်တည်ခင်းထားတဲ့ စားပွဲဝိုင်းရှေ့မှာ တစ်ယောက်တည်းထိုင်နေတဲ့ ထိုကောင်လေးအဖို့ ပြီးပြည့်စုံတယ်လို့ ခံစားရတာမျိုးမရှိ...။

စားပွဲပေါ်က အရာတွေကို တစ်ချက်မှမထိရသေးခင်မှာ သူ့ခြေလှမ်းတွေက စားပွဲဝိုင်းရဲ့ အဝေးကို ဦးတည်သွားခဲ့သည်။

Hello Hangel || MinsungWhere stories live. Discover now