04 👼 The Reason

418 43 42
                                    

[Unicode]

Guardian Angels အရေးပေါ်အစည်းအဝေး...။

Angeland လို့ခေါ်တဲ့နေရာတစ်ခုမှာ ရှိတဲ့ Hall အကျယ်ကြီးတစ်ခုထဲမှာ ရပ်နေကြတာက suit အဖြူရောင်ဝတ်ထားတဲ့ များစွာသော Angel တွေ...။

Hall ရဲ့ ပုံစံက အဖြူရောင်ဘောလုံးအကြီးကြီးနဲ့တူသည်။ ဘယ်နေရာကြည့်ကြည့် အဖြူရောင်မျက်နှာပြင်ကိုသာ မြင်ရပြီး 'ထောင့်' ဆိုတာမျိုးမရှိ..။ တံခါးတွေလည်း မရှိ...။ ဘာဆိုဘာမှမရှိတဲ့ အဖြူရောင်ပတ်ဝန်းကျင်ကြီးတစ်ခုသာ...။

အကြောင်းကား Guardian Angel တို့က ထိုနေရာသို့ တံခါးမလိုဘဲ teleport ဖြင့်သာ လာနိုင်သောကြောင့်....။

Guardian Angel တွေကို တစ်ခါတစ်လေ အရေးပေါ်အစည်းအဝေးတွေ ခေါ်လေ့ရှိသည်။ အစည်းအဝေးခေါ်ရသည့် အကြောင်းအရင်းနှစ်ချက်သာရှိသည်။ အင်မတန်အရေးကြီးတဲ့ကိစ္စတွေ ပြောရမယ့်အခါ ဒါမှမဟုတ် Angel တွေအတွက် အားလပ်ရက်အပန်းဖြေခရီးစီစဥ်ပေးသည့်အခါ...။

ထိုအချိန်မျိုးမှာဆို Angel တို့ စောင့်ရှောက်ရမည့် သက်ဆိုင်ရာလူသားကို တာဝန်ရှိသူ Angel Staff တို့ ​ခေတ္တစောင့်ရှောက်ထားပေးပြီး လုံခြုံရေးကိုလည်း အပြည့်အဝအာမခံထားသည်။

Hall တစ်ခုလုံးက Angel ပေါင်းမြောက်များစွာတို့၏ တီးတိုးပြောသံတို့ဖြင့် ဆူညံနေသည်...။

Seungmin : "ရုတ်တရက်ကြီး အစည်းအဝေးခေါ်တာ ဘာဖြစ်လို့များလဲ"

Felix : "အပန်းဖြေခရီးတော့မဖြစ်နိုင်ဘူး မနှစ်ကပဲ သွားထားတာကို... ငါတို့က အဲ့လောက်အားနေကြတာလည်း မဟုတ်.."

Hyunjin : "မဟုတ်လောက်ပါဘူးနော်"

Felix : "ဘာကိုလဲ"

Hyunjin : "Han Jisung....."

Seungmin : "ဟာ ဘယ်လိုပေါက်ကရတွေလဲ မဖြစ်နိုင်တာ... သူတို့က ဘယ်လိုသိမှာ......"

ရုတ်တရက်ပြတ်တောက်သွားတဲ့ Seungmin ရဲ့ စကားနောက်မှာ ၃ ယောက်လုံး တူညီတဲ့အတွေးကို တွေးလိုက်မိပြီး သက်ပြင်းချလိုက်ကြသည်။

Seungmin : "ဖြစ်နိုင်တာပဲ..."

Felix : "သွားပြီ ငါတို့တော့ ပြဿနာတက်ပြီ"

Hyunjin : "Han Jisung ဘာတွေဘယ်လိုသွားလုပ်လို့ အဲ့လိုဖြစ်သွားတာလဲ"

Felix : "အာ ဟုတ်သား... မင်းတို့ ဟိုနေ့က God Jihyo ဆီသွားတာ ဘာတဲ့လဲ"

Hello Hangel || MinsungWhere stories live. Discover now