64

10.9K 1.7K 40
                                    

{Unicode}

"နို့လက်ဖက်ရည်"

ယဲ့ထင်၏ နှလုံးသားသည် လှိုက်ခနဲ အောင့်တက်လာလေ၏။

ရုတ်တရက်ပါပင် သူ၏ စိတ်အစဥ်ကပါ မတင်မကျ ဖြစ်သွားရသည်။

ထိုအချိန်တုန်းက ရန်ကျားလိကို စိတ်ဖိစီးမှုတွေ ပေးအပ်ပြီး မိမိနံဘေးဆီသို့ ပြန်ရောက်လာစေရန် သူသည် အကြင်နာ ကင်းမဲ့သော နှလုံးသားနှင့် လူကို စိတ်ထိခိုက်စေမည့် စကားလုံးများ၊ လူမဆန်သည့် ကိစ္စရပ်များအား အနည်းနှင့်အများတော့ ပြောဖြစ်လုပ်ဖြစ်ခဲ့သည်။

သူသည် ရန်ရန်ကို တစ်ပါးသူများ ရှေ့မှောက်တွင် အေးတိအေးစက်နှင့်သာ ဆက်ဆံခဲ့သည်။

သူသည် ရန်ကျားလိ၏ မွေးနေ့အချိန်အခါလေးမှာမှ ရှောင်ရှကို ပေးမည့်လက်ဆောင်ကို ရွေးချယ်ခိုင်းခဲ့သည်။

ရန်ကျားလိက ဇာတ်စင်ပေါ် တက်ခွင့်ရမည့် အခွင့်အရေးကို မည်မျှပင် အလေးထားနေကြောင်း သူလည်း သိရက်သားနှင့် ဖုန်းလေးတစ်ချက် ဆက်လိုက်ကာ မျှော်လင့်ချက် မီးတောက်များကို ငြှိမ်းသတ်ပေးလိုက်ဖူးသည်။

ကောင်းပြီလေ၊ အခုတော့ ရန်ကျားလိက ထိုသို့သော ကိစ္စရပ်များတွင် မည်သို့မည်ပုံ ပြုမူ နေထိုင်ရမည်ကို အမှန်တကယ်ပင် သင်ယူ တတ်မြောက်သွားခဲ့ပြီး၊ သူသည်လည်း အလွန်အင်မတန်မှ နာခံတတ်သည့်သူ ဖြစ်ကုန်တော့သည်။

မွေးနေ့မကလို့ ဘာပွဲတော်ပဲ ဖြစ်နေပါစေ၊ ရန်ကျားလိက သူ့ဆန္ဒနှင့်သူ သာမန် ဓာတ်လှေကားထဲ ဝင်သွားပြီဖြစ်ပြီး သူ့မျက်လုံးထဲတွင်လည်း အံ့သြစရာများကို စောင့်ဆိုင်းနေသည့် မျှော်လင့်ချက်မျိုးလည်း မရှိတော့ပေ။ ဖရိုဖရဲနှင့် ကမောက်ကမ ဖြစ်ကုန်သည့် ထိုဖျော်ဖြေပွဲအပြီး သူ့နှုတ်မှ မည်သို့သော ဖျော်ဖြေပွဲကိုမှ ထပ်ပြီးပါဝင်ဖို့ရန် မတောင်းဆိုလာတော့ချေ။

သူသည် လွတ်လပ်ခွင့်မှ လွဲ၍ မည်သို့သော အရာကိုမှ ဆက်လက် မတောင်းဆိုချင်တော့ဟန်တူ၏။

ဓာတ်လှေကားက တဖြည်းဖြည်းချင်း အပေါ်သို့ ဆန်တက်သွားသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now