65

10.7K 1.6K 126
                                    

{Unicode}

(TN/ စိတ်ထဲမှာ နို့လက်ဖက်ရည်နဲ့ နို့သာကူက မတူဘူးပဲထင်တာ၊ ဒါပေမဲ့ အရှေ့အပိုင်းမှာက နှစ်မျိုးလုံးကို ရောရေးထားပြီး ဒီအပိုင်းမှာကျ တစ်မျိုးတည်း သုံးသွားတယ်။ ဆိုတော့ Ju Mao Gege သုံးထားတဲ့အတိုင်းပဲ ဘာသာပြန်လိုက်မယ်နော်။ ရောမသွားကြနဲ့ဦး ဟီးဟီး...နို့လက်ဖက်ရည်ဖြစ်ဖြစ် နို့သာကူဖြစ်ဖြစ် ဘာဖြစ်ဖြစ် အားလုံးက ကိုယ်သောက်ရမှာ မဟုတ်တော့ ကိုယ့်ကိုယ်ပဲ ဖြစ်သလို နားလည်လိုက်ကြပါတော့🤣)

"ဦးနှောက်ကျကျန်ခဲ့သောယဲ့ခွေး"

ကျောက်ရှန့်ဟိုင်သည် ရန်ကျားလိပေးသည့် လက်ဖက်ရည် ပူပူလေးကို ယူကာထွက်သွားခဲ့သည်။

ယဲ့ထင်က အေးခဲနေသော အကြည့်များဖြင့် ထွက်ခွာသွားသည့် ကျောက်ရှန့်ဟိုင်ကို စိုက်ကြည့်နေပြီးမှ ရန်ကျားလိကို ရုံးခန်းထဲ ဆွဲခေါ်သွားသည်။

ရုံးခန်းတံခါး ပိတ်သွားသည်နှင့် စိတ်ဆိုးမာန်ဆိုး ဖြစ်နေပုံပေါ်သည့် ယဲ့ထင်သည် ကြီးမားသော ဝံပုလွေအမြှီးကြီးအား ထုတ်လိုက်ဟန်ဆောင်ကာ ရန်ကျားလိကို ဖိအားပေးပြီး မေးပြန်သည်။

"အဲ့ဒီ ကျောက်မျိုးရိုးနဲ့ ကောင်ကို ဒီလောက်တောင် သဘောကျနေတာလား။ ကိုယ်ထွက်သွားတာနဲ့ မင်းက သူ့အနားပဲ ကပ်နေတော့မှာ မဟုတ်လား"

ရန်ကျားလိသည် ယဲ့ထင်၏ အကြည့်များကြောင့် အလွန်အမင်း မသက်မသာ ဖြစ်နေရသည်။

သူသည် မျက်နှာလွှဲသွားပြီး မမြင်ဟန် ပြုလိုက်သောအခါ ယဲ့ထင်က အားနှင့် ပြန်ဆွဲလှည့်လိုက်ပြန်ပြီး

"သူ့ကို ကြိုက်နေတာ?"

ရန်ကျားလိက ဒေါသထွက်သွားပြီး

"မဟုတ်တရုတ်တွေ လျှောက်ပြောနေပြန်ပြီ"

ယဲ့ထင်က မျက်စိစွေ ကြည့်နေပြီး အေးစက်စက် ရယ်လိုက်ကာ

"မင်းသူ့အပေါ်မှ ဘာခံစားချက်မှ မရှိရင် အကောင်းဆုံးပေါ့။ သူလည်း အဲ့လိုဖြစ်မယ်ဆို အကောင်းဆုံးပဲ။ မဟုတ်ရင်တော့ ကိုယ်လုံးဝ သက်ညှာပေးမှာ မဟုတ်ဘူး။ ရန်ရန်၊ အဲ့ဒီစည်းကိုတော့ မကျော်သွားနဲ့၊ သိပြီလား"

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now