2

696 94 1
                                    

ရှန်းစီကပျင်းတွဲ့တွဲ့နဲ့လျောက်လာပီးမကြာခင်မှာဘဲသူ့ကိုလာခေါ်တဲ့ကားကိုကားပါကင်မှာရပ်ထားတာတွေ့လိုက်ရတယ်သူကားထဲဝင်ဖို့လုပ်နေတုန်းမှာဘဲလူတယောက်ကသူ့ကိုဆွဲခေါ်ပီးသူရှေ့မှာဘဲရပ်လိုက်တယ် ရှန်းစီကရပ်ပီးအဲ့ဒီသူကိုသေချာကြည့်လိုက်တော့ အသက်၂၀အရွယ်လောက်ရှိပီးရုပ်ရည်ကအတော်လေးချောတယ်သို့ပေသ်ိ သူ့ကြည့်ရတာဝမ်းနည်းနေတယ့်အသွင်ပြင်နဲ့သူက်ိုမေးလာတယ်"ရှောင်စီ,ငါမင်းချင်ရိနဲ့လက်ထက်တော့မယ်ကြားတယ် အဲ့တာအမှန်လား?"
ရှန်းစီကဒီလူနဲ့ပက်သတ်ပီး မူလကိုယ်ပိုင်ရှင်ဆီက မှန်ဥာဏ်ကရှိမနေပေမယ့်သူက စာအုပ်ထဲကအကြောင်းရာကိုသိရလိုက်တယ် ဒီလူဟာအရင်ကမူလကိုယ်ရဲ့ exဖုန်းယွဲ့ပဲ
သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းကို ရှန်းစီအနေနဲ့ပြောရရင် မူလကိုယ်က တဖက်သတ်အချစ်မှာပျော်ဝင်နေခဲ့တာဘဲ
သူတို့နှစ်ယောက်က onlineမှာတွေ့ခဲ့ကြတယ် သုံးလလောက်ကြာတော့ဘေကျင်းမှာတွေ့ကြတယ် ဖုန်းယွဲ့မိသားစုသာမန်လူစားထဲက ရှန်းစီတို့မိသားစုကချမ်းသာတာသိပီးနောက်မှာတော့ငွေကြေးအဆက်မပြတ်ချေးလာတော့တယ် ဖုန်းယွဲ့ကရှန်းစီ (မူလ)ကိုATMစက်သဖွယ်အဆက်မပြတ်အကြောင်းအမျိုးမျိူးပြပီးချေးခဲ့တာက ငွေကြေးလိမ်လည်ခံရသူတယောက်လိုခံစားရတယ့်အထိကိုချေးခဲ့တယ်သူတို့တွဲခဲ့တာကတနှစ်လောက်ထိဆိုပေးမယ့် အိပ်ယာပေါ်အဆင့်ထိမဆိုနဲ့ အနမ်းတခုတောင်မရှိခဲ့ကြဘူး
ရှန်းစီကတော့ဖုန်းယွဲ့က်ိုonlineငွေကြေးလိမ်လည်သူတယောက်လို့ဘဲမြင်တယ် မူလကိုယ်ကဘလို့များဒီလူကိုကြိုက်ခဲ့လဲစဥ်းစားလို့မရဘူး သူကငွေကြေးလ်ိမ်လည်သူနဲ့အကွာအဝေးတခုရှိဖို့ခြေလမ်းအနဲငယ်ဆုတ်လိုက်ပီး"ဟုတ်တယ် က်ိစ္စရှိသလား" "ဒါဆိုရင်..."ဖုန်းယွဲ့ကသူ့လက်တွေကိုပွတ်သပ်ပီး "ဒါမှမဟုတ် ငါတို့လမ်းခွဲကြမလား?"
ရှန်းစီကသူ့ကိုကြည့်လိုက်တယ်ဒီလူကအနည်းဆုံးဘလိုကြောင့်လဲဆိုတာကိုတောင်မမေးဘဲသူနဲ့လမ်းခွဲဖို့ပြောတယ်ကြည့်ရတာ သူ့ရဲ့လိမ်လည်မှုတွေကလုံလောက်သွားဘီထင်တယ်သူဟာပြုံးရွှင်စွာနဲ့ဘဲဖြေပေးလိုက်တယ်"ကောင်းပြီ"သူချက်ချင်းသဘောတူလိုက်တာကိုကြားပီးတော့ ဖုန်းယွဲ့ကစိတ်သက်သာရာရသွားခဲ့တယ်သူကပိုက်ဆံတွေပြန်ဆပ်ရမှာကြောက်နေခဲ့တာ သူကအမြန်ဆုံးလစ်ထွက်ဖို့အတွက်"ကောင်းတာပေါ့ မင်းရဲ့လက်ထပ်ပွဲမှာပျော်ရွှင်ပါစေ"ဆိုပီးလှည့်ထွက်ချိန်မှာ "နေဦး"ရှန်းစီကသူ့ကိုပြောလိုက်တယ် "မင်းငါ့နဲ့လမ်းခွဲနိုင်တယ် အရင်ဆုံးငါ့ကိုမင်းချေးထားတယ့်၆၀၀၀၀၀ပြန်ပေးအုံး" ဖုန်းယွဲ့ခန္ဓာကိုယ်ကတောင့်ခဲသွားတယ်"အာ..ဘာပြောတယ် ငါမင်းဆီကိုဘယ်ချိန်တုန်းကချေးခဲ့လို့လဲ?"ရှန်းစီကတုန်လှုပ်မသွားဘူး သူကသူ့ဖုန်းကိုထုတ်ပြပီး"ငါ့မှာမင်းကိုချေးထားတယ့်ငွေအလွဲပြောင်းမှတ်တမ်းတွေရှိတယ် ငါ၆၀၀၀၀၀လောက်ဖဲရှာနိုက်တယ်အခြားကျန်တာတွေငါရှာမတွေ့တော့ဘူးထားပါတော့ဒါနဲ့ဆိုရင်သက်သေကလုံလောက်တယ်မလား ငါတို့ရဲ့ရင်းနှီးခဲ့မှုတွေကြောင့်ငါအတိုးမယူတော့ပါဘူးငါမင်းကိုပြန်ဆပ်ဖို့အချိန်သုံးလပေးမယ်ခုကစလို့ငါတို့တွေမှာအဲ့တာကလွဲလို့အခြားဘာမှမရှိဘူး" ၆၀၀,၀၀၀ဆိုတာကမူလကိုယ်အတွက်ဘာမှမဟုတ်ပေမယ့်သူအတွက်တော့သွေးတပွတ်စာလောက်ထိကိုတန်ကြေးရှိတယ် သူ့အနေနဲ့၆၀ယွမ်ဆိုရင်တောင်ဖုန်းယွဲ့ဆီကပြန်ရဖို့လိုတယ် ဖုန်းယွဲ့ကအကြောင်းစုံကြားရပီးနောက်မှာတော့ သူ့မျက်နှာကပြောင်းသွားခဲ့ပီးသူကနောက်ပြန်လှည့်လာခဲ့တယ် "ငါ့ ငါ့မှာပိုက်ဆံမရှိဘူး....."သူကပြေးထွက်ဖို့ပြင်လိုက်တယ် ရှန်းစီကအသံကိုမြှင့်ပီးပြောလိုက်တယ်"Mrဖုန်းကဒီလိုဘဲထင်သလား?"ဖုန်းယွဲ့ကရပ်တန့်သွားချိန်မှာဘဲရှန်းစီက"ရှန်းမိသားစုကပြိုလဲသွားရင်တောင်မှချင်ရှောင်ကငါနဲ့လက်ထပ်မယ့်သူ ငါကချင်မိသားစုဝင်ဖြစ်လာမှာ မင်းသ်ိလားချင်မိသားစုကိုဘယ်သူကထောက်ပံ့ပေးနေလဲ?"သူအဲ့လိုပြောလိုက်ပေမယ့်သူကိုချင်ရိကလက်မထပ်ခင်မှာဘဲသူ့နာမည်သုံးလိုက်လို့စိတ်တိုသွားမလားကြောက်နေခဲ့တယ် မေ့လိုက်တော့၆၀၀,၀၀၀အတွက်ဖဲလေ ဖုန်းယွဲ့ကလှည့်လာပြီး"မင်းကလက်ထပ်ပီးတော့ချင်မိသားစုအိမ်တော်မှာကောင်းကောင်းနေရမယ်ထင်နေလား?မင်းရယ့်ငွေကြေး?မင်းကကြောက်တတ်ပီးပြသနာရှာတတ်တယ့်လူမျိုးဘဲ"သူကသူ့ခြေထောက်ကိုတချက်စောင့်လိုက်ပီး ရူးသွပ်နေတယ့်လူတယောက်ကိုလက်ထပ်မယ် မင်းကိုယ်မင်းပြီးပြည့်စုံသူလို့ထင်နေလား?သူကစိတ်တိုလာပီးမင်းကိုရိုက်ပီးရင်းရိုက်လိမ့်မယ်မင်းစောင့်ကြည့်နေလိုက်" "ဒါကမင်းဂရုစိုက်ရမယ့်ကိစ္စမဟုတ်ဘူး"ရှန်းစီကသူ့ခေါင်းကိုမော့လိုက်တယ်"မင်းလုပ်ရမှာကငါ့ပိုက်ဆံပြန်ပေးဖို့ဘဲ ငါသေချာသိနေတာကမင်းရှောင်ချင်ရယ့်စည်းမျဥ်းတွေကိုထိချင်မယ်မထင်ပါဘူး"
ဖုန်းယွဲ့မျက်နှာကဖြူလိုက်ပြာလိုက်ဖြစ်နေတော့တယ်သူကသု့ရှေ့မှာအမြဲအားငယ်ပီးနူးညံ့နေခဲ့တယ့်သခင်လေးကဒီလိုတွေပြောလိမ့်မယ်လို့ထင်မထားခဲ့ဘူး နှစ်ယောက်ပြိုင်ပြောခဲ့ကြတယ့်စကားဝိုင်းမှာသခင်ငယ်လေးကမရှုံးခဲ့ဘူး သေချာပေါက်ကို ဖုန်းယွဲ့ရှုံးနိမ့်ခဲ့ပြီးသူ့သွားတွေကတုန်ရိီနေလျက်နဲ့"မင်း...မင်း ငါကိုစောင့်ပါဦး"
လူငယ်လေးက သူ့ကိုကြည့်နေပီးဝှေ့ယမ်းပြခဲ့တယ်"bye"ကိစ္စတွေရှင်းပီးနောက်မှာရှန်းစီကပျော်ရွှင်စွာနဲ့ကားပေါ်တက်သွားတော့တယ်

မသန်စွမ်းဂိုဏ်းစတားနှင့်လက်ထက်ခြင်းWhere stories live. Discover now