4.2

441 82 1
                                    

ချင်ရိကအသံတိတ်နေခဲ့တယ် ဒါကဝန်ခံခြင်းမျိုးပဲ "နားလည်ပါပြီ အခုသွားလိုက်ပါ့မယ်...!!! "  အိပ်ခန်းတံခါးက ဖြည်းညင်းစွာနဲ့ပဲပိတ်သွားတယ် ချင်ရိက ဝှီးချဲပေါ်မှာ တခဏလောက်ထိုင်ပီးနောက်တော့ သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး သူ့အိပ်ယာခေါင်းရင်းကစာအုပ်ကိုယူလိုက်သည်  သူ၏လက်ချောင်းထိပ်လေးတွေနဲ့စာရွက်ကိုပွတ်ဆွဲကြည့်ပြီးနောက်တော့သူက စာအုပ်ကိုပြန်ပိတ်လိုက်သည်
ရှန်းစီကသူ့အခန်းပြန်ရောက်ပီးနောက်မှာတော့ စိတ်အနည်းငယ်ပပျံ့လွင့်နေခဲ့သည် ချင်ရိရယ့်လုပ်ဆောင်မှုတွေကသူ့ကိုအတွေးများစေတယ် သူကနေ့ခင်းပိုင်းစားသောက်ချိန်မှာ ချင်ရိကိုမေးမြန်းချင်ခဲ့ပေမယ့် ချင်ရိကထွက်မလာခဲ့ပဲ သူ့အခန်းကိုစားသောက်စရာတွေပို့စေခဲ့သည်
မွန်းလွဲပိုင်းမှာ အိမ်ထိန်းကသူ့အခန်းတံခါးကိုခေါက်လာခဲ့သည် "သခင်လေးရှန်းစီ မင်းအတွက် ပီယာနိုကို ပီယာနိုအခန်းထဲမှာပြင်ထားပီးပီ မင်းကြိုက်တဲ့အချိန် တီးနိုင်ပါပြီ ..."ရှန်းစီကမှင်သေသွားသည် "ဘာ!!!" "ဘယ်လို ပီယာနို ..!" "ကျွန်တော့အတွက်!!....."  "ဟုတ်ပါတယ် ရှောင်ချင်က မင်းအတွက် အမိန့်ပေးခဲ့တာပါ အခုကစလို့ ဗီလာမှာ ကြိုက်တယ့်အချိန်မရွေး တီးနိုင်ပါပြီ.." ရှန်းစီ မျက်လုံးကပြူးကျယ်လယပီး မှင်သက်သွားသည်  " ငါကြိုက်တယ့်အချိန်တီးနိုင်တယ့် ပီယာန်ို...  ဒါက ချင်ရိမနက်က ငါ့ကို ပီယာနိုကြိုက်လားမေးခဲ့တာလား ဒီ ....ဒီ ရှောင်ချင်က သူ့အပေါ် အရမ်းကြင်နာတာပဲ...!
ဒီလိုလူကောင်းတယောက်က ဘယ်လိုလုပ် ဗီလိန်တယောက်ဖစ်နိုင်မှာလဲ ဘယ်လိုကြောင့်အဓိက ဇာတ်လိုက်က သူ့က်ိုဖမ်းကိုသေစေခဲ့တာလဲ..!မူလစာအုပ်က ငါ့ကို လိမ်ထားတာဖစ်ရမယ်
သူကအမြန်ပြန်ဖြေပီး ကျေးဇူးတင်စကားဆိုခဲ့သည် ရှန်းစီက အိမ်ထိန်းကို အလောတကြီး ကျေးဇူးတင်ကြောင်းပြောလိုက်ရတယ် သူအရမ်းကိုစိတ်လှုပ်ရှားနေမိသည် သူကအောက်ထပ်က်ိုအမြန်ဆင်းပီး ချင်ရိရဲ့ဘေးကအခန်းဆီသွားလိုက်သည် ချင်ရိကတော့ထွက်မလာသေးပေ ရှန်းစီကအခွန်ကိုစိတ်လှုပ်ရှားလွန်းလို့ သူ့လက်တွေကပီယာနိုကီးပေါ်ရှိနေတာတောင်မှ ဖိမချရဲဘူး သူ့နှလုံးခုန်သံတွေ အခုလောက်ထိ မခုန်ခဲ့ဖူးဘူး ခဏအကြာမှာသူ့ခေါင်းကိုမော့ပီး ဂရုတစိုက်နဲ့မေးလိုက်သည် "ကျွန်တော် ပီယာနိုတီးတာက သူ့(ချင်ရိ)ကို အနှောင့်ယှက်ဖြစ်စေမလား ?" "မင်းစိတ်တိုင်းကျလုပ်ပါ " အိမ်ထိန်းက စိတ်ရှည်စွာရှင်းပြလာသည် "ပီယာနိုအခန်းက အထူးပြုလုပ်ထားသည့် အသံလုံခန်းဖစ်တာမို့ အသံတွေကဆူညံစေမှာမဟုတ်ပါဘူး အသံတွေကြားရရင်တောင် ချင်ရိက ပီယာနိုသံကို သဘောကျပါတယ် " ပီယာနိုသံကိုသဘောကျတယ်??  အိမ်ထိန်းကဆက်မပြောတော့ပေ သူကပီယာနိုအခန်းမှထွက်ရန်ပြင်လိုက် ပီး " မင်းလိုအပ်တယ့်အချိန်တိုင်း ခေါ်လိုက်ပါ " ရှန်းစီက စိတ်သက်သာရသွားပြီး အသံစမ်းဖို့ ကီးတွေကိုနှိပ်ကြည့်လိုက်သည် နောက်တော့ သူကခေါင်းမော့လာပြီး ဂီတနုတ် ကိုဖတ်ကြည့်လိုက်သည် သူအရင်ကထင်တာကဒီအရာကအရင်တည်းကထားထားတယ့် နုတ် လို့ ဒါပေမယ့်သူသေချာကြည့်မိတော့မှ ဒီနုတ် တွေက သူသိတယ့်အရာတွေပဲ ချင်ရိ တန်ဖိုးမြင့်ရောင်းထားတယ့် နုတ် တွေ!!! ချင်ရိကသူ့အတွက်သေချာပြင်ပေးထားတာပဲ အဲ့အချိန်မှာပဲ ချင်ရိကရောက်လာသည် ရှန်းစီကအေးခဲသွားသည် အိမ်စာခိုးကူးနေသည့် ကျောင်းသား ဆရာမိသွားသကဲ့သို့ ရှေ့ကိုမရွေ့နိုင်ပေ သူချင်ရိပြောတာကြားလိုက်ရသည် "မတ်တပ်ရပ် "

မသန်စွမ်းဂိုဏ်းစတားနှင့်လက်ထက်ခြင်းWhere stories live. Discover now