3

535 95 1
                                    

ရှန်းစီကထပ်မမေးတော့ပေ"မောင်းတော့" ဝမ်ယွဲ့ကဝတ္ထုထဲမှာဇာတ်အို့တယောက်အနေနဲ့ပါခဲ့တာ စာရေးသူကသူ့အကြောင်းရေးဖို့မေ့သွားပုံပါဘဲ ရှန်းစီကအာရုံသိပ်မစိုက်တော့ဘဲ နေရာတခုစီကိုအကြည့်ပို့လိုက်တော့သည် တနာရီကြမောင်းပြီးနောက်မှာသူတို့ ချင်ဗိီလာ ကိုရောက်လာခဲ့တယ် သူကားအပြင်ထွက်လိုက်လျှင်ဘဲလေထုကတိတ်ဆိတ်ခြင်းကိုဆောင်နေတယ် ဗီလာကတန်ဖိုးမြင့် အပန်းဖြေနေရာဖြစ်သော်လည်း မပြုပြင်ဘဲထားတာကြာနေပုံရတယ် နံရံအပြင်ဘက်မှာနံယ်ပင်တွေတက်နေတယ်ပြူတင်းပေါက်တွေကိုတောင်ဖုံးလုနီးပါးဘဲ လမ်းမီးအိမ်ကလဲ ပျက်နေတယ်ခြံစည်းရိုးတွေကလည်းသံချေးတက်နေပြီးခြုံနွယ်ပင်အသင်တွေကပ်နေတယ် သူခြံတခါးဘဲလ်ကိုတီးဖို့ကြိုးစားတုန်းမှာဘဲ ဘဲလ်ကပျက်နေတာတွေ့ရတယ် ချစ်ရိက ဒီလိုအိမ်မှာနေတယ်လား? "ဗီလာကတန်ဖိုးမြင့်ပြီးခမ်းနားပေမယ့် သရဲအိမ်နဲ့တူနေတယ်" အဲ့အချိန်ကသူ ဒီစကားကိုနားမလည်ပေမယ့် အခုတော့အမှန်တကယ်ကိုသိလိုက်ရပီ သူ့မျက်မြင်ကိုယ်တွေ့ကြုံရပြီမို့ကားမောင်းသူက"ကောင်းပြီ..သခင်လေး ကျနော်ဒီနေရာထိဘဲပို့ပေးနိုင်တယ်"လို့ပြောပီးသရဲအိမ်ကြီးထဲကနေအလျင်စလိုထွက်သွားတယ် "ဂရုစိုက်ပါ" ရှန်းစီကပြေးသွားတယ့်ကားမောင်းသူကိုသိတ်ထဲမထားပေ သူကသူ့အိတ်တွေကိုသာ်ပီးအထဲကိုဝင်လိုက်တယ် ဘဲလ်ကတီးမရတော့ အော်ခေါ်ပီးဝင်ရတာလားသူမသိပေ သူအတွေးများနေတုန်းမှာ ဘဲလ်ရယ့်ဖုန်တက်နေတယ့်နေရာကမြင်းတက်သွားပြီး တံခါးကပွင့်သွားတယ် လူလတ်ပိုင်းတယောက်ကသူ့ကိုနှုတ်ဆက်စကားဆိုလာတယ်"ဟယ်လို...သခင်လေးရှန်းစီလား သိပါရစေ..?" "ကျနော်ဘဲ" "ကျုပ်ကအိမ်တော်ထိန်းပါ ရှောင်ချင်က မင်းအထုတ်တွေကူသယ်ပေးဖ်ို့ပြောထားတယ်အထဲဝင်ပါ.." ချင်ရှောင်လို့ခေါ်တာကြားရတော့ သူ့အိတ်ကိုင်ထားတယ့်လက်ကတင်းကြပ်သွားပီး သူကယဥ်ကျေးစွာနဲ့ပြောလိုက်တယ် "ကျနော်ကူသယ်ပေးပါ့မယ်" သူကနောက်ကလိုက်သွားပီးချိန်မှာဘဲ ဗီလာရယ့်အထဲနဲ့အပြင်ကအတော်ကွာခြားတာတွေ့ရတယ် အထဲမှာက ပုံမှန်အပန်းဖြေအိမ်ပုံစံမျိုးဖဲရှိနေတယ် သူကစိတ်သက်သာစွာနဲ့အသက်ပြင်းပြင်းရှိုက်လိုက်တယ် သူထပ်ပီးစူးစမ်းနေတုန်းမှာ ဒေါသထွက်စွာအော်ဟစ်သံကိုကြားလိုက်ရတော့တယ်"
"ငါဘယ်နခါပြောရမှာလဲ ငါ့ကိုမရွှေ့ဖို့ ငါမင်းကိုဘယ်နကြိမ်ထပ်ပြောတာကိုလိုချင်နေတာလဲ!!ထွက်သွား!!!" အော်ဟစ်သံကတိတ်ဆိတ်မှုကိုဖြိုခွင်းသွားတယ် ရှန်းစီက အသံထွက်လာရာနေရာကိုကြည့်နေစဥ်မှာဘဲ သူ့ဆီကိုအရာတခုလွင့်လာတာမြင်လိုက်တယ် သူကဘေးကိုတိမ်းပီးဖိုင်ကိုဖမ်းလိုက်တယ် သူကဖိုင်ကိုကြည့်နေတုန်း piano scoreတွေက ကြမ်းပြင်မှာပျံ့ကြဲသွားတော့တယ် တချိန်တည်းမှာသူ့ဆီလညာနေတယ် ဖန်ခွက်ကသူ့နောက်ကနံရံကိုထိပြီးကွဲသွားတယ်
'ခွမ်း' ရှန်းစီတုန်ရင်သွားတယ် ဖန်ခွက်ကွဲသံကဧည့်ခန်း ထဲမှာပဲ့တင်ထွက်လာတယ် သူခေါင်းကိုလှည့်ကြည့်ချိန်မှာ ဝှီးချဲပေါ်မှာထိုက်နေတယ့်သူကိုတွေ့ရတယ်သူ့ပုံစံက အလွန်မရွှင်မပျဖစ်နေတယ်ရှန်စီကသူ့ရှေ့ကလူကိုကြည့်ပီးချိန်မှာတော့ ချင်ရိ စာနာမှုမရှိ ရူးသွပ်နေတယ့်ဒေါသအိုး ဗီလိန် သူ့ရှေ့မှာရှိနေတယ် သူ့မှာမေ့မသွားနိုင်တယ့်အထိချောမောမှုကိုရှိနေတယ် သူ့အသားကအနည်းငယ်ဖြူလျော့ပီး ဖျားနာမှုရှိနေပုံရတယ် သူ့အကြည့်ကိုသိသွားတယ့်သူက သူ့ကိုမျက်လုံးချင်းစုံကြည့်လာတယ် ဒါဘယ်လိုအကြည့်မျိုးပါလိမ့် ရှန်းစီကစိုက်ကြည့်နေတုန်းမှာဘဲ သူရုတ်တရက်သတိရလ်ိုက်တယ် သူကမယဥ်ကျေးတယ့်အမူရာမျိုးလုပ်လိုက်တာဘဲ သူကသိပီးတယ့်နောက်မှာတော့ ကြမ်းပြင်ပေါ်ကစာရွက်တွေကိုအလျင်ကောက်လိုက်တယ် "တောင်းပန်ပါတယ်...!" သူ့ရွက်တရွက်က ချင်ရိခြေထောက်အောက်​ရောက်နေတယ် သူကပထမဆုံးတွေ့ဆုံမှုမှာ ကောင်းကောင်းမွန်မွန်ဖြစ်စေချင်ပေမယ့် သူက အရှက်ရစရာတခုကိုလုပ်ခဲ့မိတယ် သူကချင်ရိခြေထောက်အောက်ကစာရွက်ကိုအမြန်ကောက်ဖို့ ကိုယ်ကိုရှေ့တိုးပြီး ယူချိန်မှာဘဲ တဖက်လူက မမျှော်လင့်ထားဘဲ ကိုယ်ကိုညွတ်လို့ စာရွက်ကိုကောက်ယူလိုက်တော့တယ် နှစ်ယောက်စလုံးလက်တွေက ဂီတစာရွက်ဆီမှာ တချိန်တည်းက်ိုင်မိသွားတယ်

မသန်စွမ်းဂိုဏ်းစတားနှင့်လက်ထက်ခြင်းWhere stories live. Discover now