2K 136 20
                                    

(1),

Unicode;

2001ခုနှစ် ဖေဖော်ဝါရီလ 4 ရက်နေ့;

" ကလေးလေးသနားပါတယ်ဟယ် ''

" အေးဟယ် ဒီအရွယ်လေးနဲ့မိဘမဲ့ဖြစ်ရတယ်လို့ သနားပါတယ် ''

" ဟုတ်ပဟယ် သနားပါတယ် ''

ဇာပနပွဲကိုလာတဲ့သူတွေရဲ့တီးတိုးစကားသံတွေကို မကြားချင်လည်းကြားနေရသည်။ အသက် 6 နှစ်အရွယ်ကလေးလေးတစ်ယောက်က လောကကြီးအကြောင်းဘာမှမသိပေမယ့် သူ့နားကလူကြီးတွေပြောနေတဲ့စကားတွေကိုတော့ သူကောင်းကောင်းနားလည်သည်။

ငိုချင်နေတာကိုအံကြိတ်ကာတင်းခံထားတဲ့ကလေးလေးက လူတွေအမြင်မှာသနားစရာကောင်းလှသည်။

" သခင်လေးပြန်ရအောင် ''

အိမ်တော်ထိန်းကြီးအသံကြားတော့ ဒူးနှစ်ဖက်ကိုဖက်ပြီးထိုင်နေရာကနေထလိုက်ပြီး အဆင်သင့်တံခါးဖွင့်ပေးထားတဲ့ကားပေါ်ကိုသူတက်ထိုင်လိုက်သည်။ ကားပေါ်ရောက်တော့ အိမ်တော်ထိန်းကြီးကသူ့ပုခုံးကိုဖက်လိုက်ပြီး

" သခင်လေး ငိုချင်ရင်ငိုချလိုက်ပါ ''

လို့ပြောလိုက်မှ သူအိမ်တော်ထိန်းကြီးရဲ့ရင်ခွင်ထဲကိုဝင်ပြီးအားရပါးရအော်ငိုမိသည်။ ငိုရတာကြာလာတော့မျက်လုံးကမှေးဆင်းလာပြီး ထို့နောက် အိပ်စက်ချင်းစီသို့....။
.
.
.
.
.
တီ တီ

ဟေ့ကလေးလေး အရှေ့ကဖယ် ဦးတို့အိမ်ထဲဝင်မလို့

ဒရိုက်ဘာကြီးကကားဟွန်းတီးပြီးကားထဲမှခေါင်းထွက်ကာ ခြံရှေ့မှာရပ်နေတဲ့ကလေးလေးကိုအော်ပြောတော့ ကလေးလေးကမဖယ်ပေးဘဲ မျက်လုံးဝိုင်းလေးနဲ့သူ့ကိုပြန်ကြည့်နေသည်။

ဆူငြံသံတွေကြောင့်ကားနောက်ခန်းမှာအိပ်နေတဲ့သခင်လေးနိုးလာပြီး မျက်လုံးနှစ်ဖတ်ကိုပွတ်ကာ အိပ်ချင်မူးတူးနဲ့ ဘာဖြစ်နေတာလဲမေးတော့ အိမ်တော်ထိန်းကြီးကလည်းပြောပြလိုက်သည်။ အိမ်တော်ထိန်းကြီးစကားကိုကြားတော့ သခင်လေးကကားတံခါးကိုဖွင့်ကာဆင်းသွားပြီး ခြံရှေ့မှာရပ်နေတဲ့ သူနဲ့မတိမ်းမယိမ်းအရွယ်ကလေးလေးရှေ့ကိုသွားလိုက်ပြီး ကလေးလေးကိုသေချာကြည့်ကာ

𝑫𝒂𝒅𝒅𝒚 𝑻𝑨𝑬 (KookV)Where stories live. Discover now