697 98 14
                                    

Unicode;

ညဘက်အိပ်ချိန်ရောက်တော့ သခင်လေးကမျက်နှာမကောင်းကြည့်ရတာ မိဘတွေကိုသတိရနေတယ်ထင်ပါတယ်။

" ဒီဒီထယ် ဒီဒီထယ် ''

ထယ်ယောင်းအခန်းထဲကိုတောက်တောက်တောက်တောက်နဲ့ဝင်လာပြီး ဒီဒီထယ်ဟုခေါ်ကာ ကုတင်ပေါ်ကိုအတင်းကုတ်ဖဲ့တက်နေတဲ့ဂုဂီလေးကြောင့် သခင်လေးကုတင်ဘေးနားမှာထိုင်နေတဲ့အိမ်တော်ထိန်းကြီးကဘဲ ချီမပြီးကုတင်ပေါ်ကိုတင်ပေးလိုက်ရတော့သည်။

"ဂုဂီမအိပ်သေးဘူးလား ''

ကုတင်ပေါ်ကိုတက်လာပြီး ထယ်ယောင်းနားအတင်းကပ်နေတဲ့ဂုဂီကိုအိမ်တော်ထိန်းကြီးကမေးလိုက်တော့ သူအကျင့်လေးအတိုင်း အကျီအောက်နားစလေးကိုလုံးချေနေပြီး ဘာမှမပြောဘဲ ခေါင်းကြီးဘဲငုံထားတာကြောင့် ကြားထဲကထယ်ယောင်းကဘဲ

"ထယ်ထယ်နဲ့အိပ်မလို့လား ''

ထယ်ယောင်းမေးလိုက်မှ ထယ်ယောင်းကိုမော့ကြည့်လာပြီး ခေါင်းတဆက်ဆက်ငြိမ့်ပြလာတာကြောင့် အိမ်တော်ထိန်းကြီးက အသဲယားစွာဂုဂီရဲ့ခေါင်းလေးကိုပွတ်သက်လိုက်ပြီး

" ဂုဂီလေးကသခင်လေးနဲ့အိပ်ချင်တာလား ဦးဦးနဲ့ဘဲအိပ်ရအောင်နော် သခင်လေးကဘေးနားလူရှိရင်မအိပ်တက်လို့ ''

အိမ်တော့ထိန်းကြီးပြောလိုက်တော့ မျက်နှာလေးကငိုမဲ့မဲ့လေးဖြစ်သွားပြီးခေါင်းလေးကပြန်ငုံသွားကာ 'ဒီဒီနဲ့အိပ်ချင်တာ ' လို့အသံတိုးတိုးလေးနဲ့ပြောလာသည်။

" ရတယ်ဦးလေးဝမ် ဂုဂီလေးကိုသားဘဲခေါ်သိပ်လိုက်တော့မယ် ''

သခင်လေးစကားဆုံးတာနဲ့ သခင်းလေးဘေးနားဝင်လှဲလိုက်ပြီး မျက်စိပါမှိတ်ချလိုက်တဲ့ဂုဂီလေးကြောင့် သူရောသခင်လေးပါရီမိသွားသည်။

" အဲ့တာဆိုဦးလေးအောက်ဆင်းတော့မယ်နော် တခြားဘာမှလျောက်မတွေးဘဲအိပ်ပျော်အောင်အိပ်လိုက်နော်သခင်လေး ''

"ဟုတ်ကဲ့''

အိမ်တော်ထိန်းကြီးထွက်သွားမှ ဂျောင်ဂုကမျက်လုံးဖွင့်လာပြီး သူ့ဘေးနားမှာအိပ်နေတဲ့ ထယ်ယောင်းကိုရယ်ပြလာသည်။

𝑫𝒂𝒅𝒅𝒚 𝑻𝑨𝑬 (KookV)Where stories live. Discover now