670 110 12
                                    

(3);

Unicode;

"ဂုဂီ ထယ်ထယ်ကျောင်းသွားတော့မယ် အိမ်မှာလိမ်လိမ်မာမာနေခဲ့နော် ပြန်လာရင်မုန့်ဝယ်လာမယ် ''

သခင်လေးအဖေရှိစဥ်ကရုံးသွားခံနီးသခင်လေးကိုပြောနေကျစကားကို သခင်လေးကဂုဂီအားလူကြီးပုံစံလေးနဲ့ပြောနေတာကိုတွေ့တော့ အိမ်တော်ထိန်းကြီးပြုံးလိုက်သည်။ မိဘနှစ်ပါးလုံးကိုတစ်ချိန်ထဲဆုံးရှုံးလိုက်ရတဲ့ သခင်လေးအတွက် ဂုဂီကမိသားစုဝင်အသစ်လေးဖြစ်လာသည်။

သခင်လေးရှိတုန်းကမျက်လုံးလေးအဝိုင်းသားနဲ့ သခင်လေးဘာပြောပြော ဟုတ်ဟုတ်လို့သာပြန်ဖြေပြီးလိမ်မာလွန်းလှတဲ့ ဂျောင်ဂုဂီကသခင်လေးကျောင်းကားထွက်သွားတာနဲ့ ကျောင်းကားနောက်ကိုပြေးလိုက်ပြီးအော်ငိုလာတာကြောင့် အိမ်တော်ထိန်းကြီးကပြေးပြီးလိုက်ခေါ်ရပါသေးသည်။

တစ်နေ့လုံးလည်းဘာမှမစား တအီအီနဲ့ဂျီကျနေတာကြောင့် တစ်အိမ်လုံးခေါင်းကိုက်နေရသည်။ တချက်တချက်လည်း မပီကလာပီကလာနဲ့ထပြောပါသေးတယ် ဘာတဲ့ ဒယ်ဒီထယ်ကသူကိုထားခဲ့တယ်ဆိုလား ဘဲ။

ညနေ 4နာရီခွဲတော့ ထယ်ယောင်းတို့ကျောင်းကားကခြံရှေ့မှာရပ်တယ် ကားသံကြားတာနဲ့ အိမ်တော်ထိန်းကြီးဘေးမှာထိုင်ပြီးကာတွန်းကားကြည့်နေတဲ့ဂျောင်ဂုက ဆိုဖာပေါ်ကနေလျောဆင်းသွားပြီး အိမ်ရှေ့ကိုလုံးတုံးလုံးတုံးနဲ့လျောက်သွားသည်။ အိမ်တော်ထိန်းကြီးလည်းသခင်လေးပြန်လာတာမှန်းသိတာကြောင့် ဂျောင်ဂုနောက်ကိုထလိုက်သွားလိုက်သည်။

" ဂုဂီရေ!!!''

အိမ်ရှေ့ရောက်တာနဲ့ ဂျောင်ဂုနာမည်ကိုခေါ်ပြီးပြေးဝင်လာတဲ့ထယ်ယောင်းကြောင့် ဂျောင်ဂုကလည်းဒီဒီထယ်ဆိုပြီး လုံးတုံးတုံးနဲ့ပြေးသွားလေသည်။ မသိရင် အနှစ်နှစ်အလလခွဲနေရတဲ့သူတွေကျနေရော။

ဂျောင်ဂုထယ်ယောင်းပေါ်ကိုကုတ်ဖက်တက်တော့ထယ်ယောင်းကမနိုင်မနင်းနဲ့ ဂျောင်ဂုကိုခါးလည်ကနေမလိုက်တာကြောင့် အိမ်တော်ထိန်းကြီးကအနောက်ကနေပြေးထိန်းပေးရသေးသည်။ (သိတယ်မလား ကလေးကလေးချင်းမနိုင်မနင်းချီတဲ့ပုံလေးလေ😆)

𝑫𝒂𝒅𝒅𝒚 𝑻𝑨𝑬 (KookV)Where stories live. Discover now