843 93 16
                                    

(4),
Unicode;

ဘာလိုလိုနဲ့ဂျောင်ဂုလေးထယ်ယောင်းတို့စီရောက်တာ 2လပြည့်တော့မည်။ တစ်ရက်ပြီးတစ်ရက်သာကုန်သွားတယ် ထယ်ယောင်းကျောင်းသွားတိုင်းကျောင်းကားနောက်ကိုငိုပြီးပြေးလိုက်တဲ့အကျင့်ကတော့အခုထိမပြောင်းသေး။

ဂျောင်ဂုလေးကိုခေါ်ထားတဲ့အကြောင်းကို ဂျပန်မှာရှိတဲ့ ထယ်ယောင်းရဲ့ဦးလေးကိုအသိပေးပြီးသားဖြစ်သည်။ ထယ်ယောင်းရဲ့ဦးလေးကသူအမလင်မယားဆုံးတော့ချက်ချင်းပြန်လာချင်သော်လည်း အလုပ်ကိစ္စတွေကဘယ်လိုမှထားခဲ့လိုမရတာကြောင့် ပြန်မလာဖြစ်ခဲ့။ အခုဂျောင်ဂုလေးကိုမွေးစားဖို့အတွက်ကိုလည်းသူလာမှစီစဥ်မည်ဟုတ်ပြောသည်။

ဂျောင်ဂုလေးကအရမ်းလိမ်မာပါတယ် သူ့ဒယ်ဒီရှေ့မှာပေါ့....။

" ဂုဂီလေးရေ ထမင်းစားရအောင် ''

"ဂုဂီ မုန့် မုန့် ''

" မုန့်မစားရပါဘူး ထမင်းစားချိန်ရောက်ပြီ ထမင်းဘဲစားရမှာ ''

" မုန့် မုန့် ''

ဆိုပြီး ခြေထောက်နှစ်ဖက်ကိုပွတ်ကာဂျီကျနေတဲ့ ဂျောင်ဂုကြောင့် အိမ်တော်ထိန်းကြီးခေါင်းကိုက်နေပြီ။ သခင်လေးရှိတဲ့ချိန်ဆို ထမင်းစားဖို့လည်းနှစ်ခါမပြောရ၊ ရေချိုးဖို့လည်းနှစ်ခါမပြောရ။ သခင်လေးကျောင်းသွားတဲ့အချိန်ဆိုရင်တော့ အာပေါက်မတက်ပြောရသည်။

" မနက်ဖြန် ဂုဂီရဲ့ဒယ်ဒီထယ်ကျောင်းပိတ်တယ်ဆိုတာ သိတယ်မလား ''

အိမ်တော်ထိန်းကြီးရဲ့စကားကိုမျက်လုံးအဝိုင်းသားလေးနဲ့နားထောင်ပြီး ခေါင်းညိမ့်ပြသည်။ တကယ်တော့ ပိတ်ရက်တွေဘာတွေကိုဂုဂီလေးသေချာမသိပေမယ့် ကျောင်းပိတ်တယ်ဆိုရင်သူ့ရဲ့ဒယ်ဒီထယ်ကတစ်နေကုန်အိမ်မှာရှိတာကိုတော့သူသိသည်။

" သခင်လေးကပြောတယ် ဂုဂီလေးအိမ်မှာလိမ်လိမ်မာမာမနေရင် သူမနက်ဖြန်ဂုဂီလေးနဲ့မဆော့ဘူးတဲ့ အခုဂုဂီလေးကထမင်းမစားရင် သခင်လေးကဂုဂီလေးနဲ့ဆော့မှာမဟုတ်တော့ဘူး ''

သူပြောလိုက်တော့ မျက်နှာလေးကမဲ့လာပြီး ငိုချတော့မယ့်ပုံပေါ်လာတာကြောင့် အိမ်တော်ထိန်းကြီးကဆက်ပြီး

You've reached the end of published parts.

⏰ Last updated: Feb 21, 2022 ⏰

Add this story to your Library to get notified about new parts!

𝑫𝒂𝒅𝒅𝒚 𝑻𝑨𝑬 (KookV)Where stories live. Discover now