67

10.3K 1.6K 134
                                    

{Unicode}

"လွတ်လပ်မှုဆီသို့"

ကားနှစ်စီးက အဌားအိမ် အဆောက်အအုံ အပေါက်ဝ၌ ထိုးရပ်ထား၏။

တစ်စီးမှာ ရန်ကျားလိအား ညစာပါတီသို့ လိုက်ပို့ပေးရန်ဖြစ်ပြီး နောက်တစ်စီးမှာ ယဲ့ထင်အား လူမှုရေး ညစာစားပွဲဆီသို့ ခေါ်သွားပေးရန်ဖြစ်သည်။

ယဲ့ထင်သည် ယနေ့ညတွင် ရန်ကျားလိတစ်ယောက် အလွန်အမင်း စိတ်လှုပ်ရှားနေသည်ဟုသာ ခံစားမိသည်။ သူ့ မျက်လုံးထဲတွင် အလင်းတန်းများ ပြွတ်သိပ်နေသကဲ့သို့ တောက်ပနေသေး၏။

သူသည် ရန်ကျားလိ၏ အမူအရာကို တိတ်တဆိတ် ကြည့်နေပြီး လက်ဆန့်ထုတ်ကာ ရန်ကျားလိ၏ အနောက်တိုင်း ဝတ်စုံပေါ်မှ မဆိုစလောက် တွန့်ခေါက်နေသော အရေးအကြောင်းများကို ပြင်ပေးနေသည်။

ယဲ့ထင်သည် သိပ်သည်းနေသော ခံစားချက်များကို မျိုသိပ်ထားသလိုလိုနှင့် နူးညံ့ဖျော့တော့သော လေသံနှင့် ပြောလာလေ၏။

"အဲ့နှစ်ယောက်ကို ကြည့်ပြီးတာနဲ့ ပြန်လာခဲ့နော်"

"ကိုယ် အိမ်ပြန်ရောက်တဲ့ အချိန်ကျရင် မင်းက လိလိမ္မာမ္မာနဲ့ အိပ်ရာပေါ်မှာ အနားယူရင်း ကိုယ့်ကိုစောင့်နေဖို့ မျှော်လင့်တယ်...နော်"

ရန်ကျားလိ၏ အမူအရာသည် မျက်တောင်တစ်ခတ်စာမျှ သဘာဝ မကျနိုင်တော့သလို ဖြစ်သွားသည်။ ပြီးကာမှ သူက အင်းဟု ပြောလာသည်။

သူသည် ယဲ့ထင်အား လုပ်ငန်းသုံးကားဆီသို့ တွန်းပို့လိုက်ရင်း ပါးစပ်ကလည်း ပေါက်ပေါက်ဖောက်နေကာ

"ရှုပ်လိုက်တာ၊ လေကြောကို ရှည်တယ်"

ယဲ့ထင်သည် ကားရှေ့ ရောက်သွားချိန်တွင် ပြန်လှည့်လာပြီး ရန်ကျားလိ၏ မျက်နှာကို ဆွဲလိုက်ကာ အနမ်းခြွေသည်။

ယဲ့ထင်သည် နှုတ်ခမ်းနှင့် လျှာတို့ ရှုပ်ထွေးရစ်နှောင် နေသည့်ကြားမှ ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်ပြီး

"ပေါင်ပေါင်း၊ မင်း မလိမ္မာရင် ကိုယ်က မင်းကို အပြစ်ပေးမှာ။ ဒါပေမဲ့လေ တကယ်လို့ မင်းသာအမြဲ ဒီလိုလေး လိမ္မာနေမယ်ဆိုရင် ကိုယ်က မင်းအပေါ် အများကြီး အများကြီး ကောင်းပေးမှာ၊ သိလား"

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now