EXTRA-2

1.1K 202 6
                                    

[Unicode]

အခန်း(၉၉): ရုပ်ရှင်ရိုက်ကူးရေး ၂

ရွာငယ်လေးသည် မြို့ပြနှင့် အလွန်ဝေးကွာသောကြောင့် ရွာသူရွာသားများသည် သရုပ်ဆောင်များကိုသာမက ရိုက်ကူးရေးပစ္စည်းများကိုပါ စပ်စုကြသည်။ပရိသတ်တွေရဲ့ ရူးသွပ်တဲ့ အပြုအမူတွေ မရှိ၊အဟန့်အတားတွေလည်း ရှိလာမှာ မဟုတ်ပေ။

ဆုနိုက​တော့ သူတို့ရိုက်နေတဲ့နေရာကို အရမ်းသဘောကျသည်။အလုပ်ပြီးလို့ စောစောအနားယူရရင် ဒိုင်အန်းကို ရွာပတ်ပြီးလမ်းလျှောက်ဖို့ ဆွဲခေါ်သွားလေ့ရှိသည်။ဒါမှမဟုတ် နွေးနွေးထွေးထွေးရှိတဲ့ ရွာသူရွာသားတွေရဲ့ အိမ်တွေမှာ လက်ဖက်ရည်သောက်ပြီး အချိုပွဲတချို့ကို သူစားချင်,စားနေနိုင်သည်။ဒီလိုဘဝမျိုးက ဆုနိုနဲ့ တကယ်ကို လိုက်ဖက်ညီလှသည်။

"ဒီနေရာက တကယ်နေထိုင်လို့ကောင်းတယ်။" နှစ်ယောက်သား ခေါင်မိုးပေါ်မှာ အိပ်ပြီး ညစာစားပြီးလို့ ဗိုက်အပြည့်သားနဲ့ လကို ကြည့်ရင်း ဒိုင်အန်းက ပြောလိုက်သည်။

"ဒါပေမယ့် ငါဒီမှာ တစ်သက်လုံးမနေနိုင်ပါဘူး" ဆုနိုကတော့ ချက်ချင်းငြင်းဆိုခဲ့သည်။ဒီမှာ အစားအသောက်က ထိပ်တန်းဖြစ်နေရင်တောင် ငါ့ရဲ့ချောမောခန့်ညားတဲ့ မစ္စတာဒါရိုက်တာကို မမြင်ရဘူး။ ဒါမဖြစ်သင့်ဘူး!ရိုက်ကူးရေးပြီးသွားရင် ဒီနေရာကနေ ထွက်သွားရမယ်!ဒါကြောင့် ဒီရက်အနည်းငယ်အတွင်းမှာ အစာများများစားထားဖို့ ကြိုးစားထားသင့်တယ်!

"မနက်ဖြန် ဘယ်အိမ်မှာ သွားစားရမလဲ?" ဤအကြောင်းအရာကို ဆွေးနွေးသောအခါ ဆုနိုသည် ရုတ်တရက် လေးနက်သွားသည်။

"... ရွာလူကြီးအိမ်၊အန်တီကျန်း?" ဒိုင်အန်းက အကြံပြုလိုက်သည်။"မနေ့က သူ့အိမ်က ဖြတ်သွားတုန်း သူ ဟင်းသီးဟင်းရွက်တွေလှီးနေတာကို တွေ့ခဲ့တယ်။သူ ဒီဂေါ်ဖီထုပ်တွေနဲ့ ဖက်ထုပ်ပေါင်းတွေ လုပ်နေတာထင်တယ်"

"ဒါဆို ဆုံးဖြတ်ပြီးပြီ။" ဆုနိုသည် ဖက်ထုပ်ပေါင်းများ၏အရသာကို စိတ်ကူးကြည့်ဖို့ရာ ခေါင်းကိုအသုံးပြုနေရင်း အလွန်စိတ်အ​ခြေအ​နေကောင်းနေသည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now