EXTRA-3

1K 189 1
                                    

[Unicode]

အခန်း(၁၀၀):ရုပ်ရှင်ရိုက်ကူးရေး ၃

သိုင်း​လောက၏ခေါင်းဆောင်တစ်ဦးအနေဖြင့် ဆု​ရှောင်းနိုထံတွင် တိုက်ပွဲရိုက်ကွင်းများစွာရှိသင့်သည်။သို့သော်လည်း မစ္စတာဒါရိုက်တာနှင့် ဟန်​ဝေနှစ်ဦးစလုံး၏ဆန့်ကျင်မှုကြောင့် အန္တရာယ်ရှိသော လုပ်ဆောင်ချက်အားလုံးကို စတန့်သမားကိုသာ လုပ်စေခဲ့သည်။

အဲဒီဇာတ်ဝင်ခန်းတွေမှာ သူကိုယ်တိုင် မပါဝင်နိုင်ခဲ့ရတာ တကယ့်ကို ရှက်စရာပဲ!

ဆုနို ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။

နောက်ရိုက်ကူးရေးက ညဘက်မှဆိုတော့ နားချိန်ကို အခွင့်​ကောင်းယူကာ ဆုနိုသည် ထမင်းစားရန်အတွက် ဒိုင်အန်းနှင့်အတူ ရွာဝင်ပေါက်က​နေ အန်တီကျန်းအိမ်ဆီသို့သွားခဲ့သည်။သူ့တွင် စင်းလုံးချော စိတ်ဓာတ်မျိုးရှိပါတယ်။

ထို့အပြင် အန်တီကျန်း၏သားသည် မြို့တွင် အလုပ်သွားလုပ်သောကြောင့်,သူမသာ အိမ်တွင်ရှိသော
ကြောင့် သူမသည် ဆုနိုနှင့်အတူစားရသည်ကို အလွန်နှစ်သက်ပြီး အစပိုင်းတွင် သူမသည် ငွေယူရန်ကိုပင် ငြင်းဆန်ခဲ့သည်။ဒိုင်အန်းက များစွာတိုက်တွန်းပြီးမှသာ သူမသည် ငွေကို ယူသွားခဲ့သည်။

ဆုနိုသည် အနယ်နယ်အရပ်ရပ်ရှိ အဒေါ်ကြီးများအတွက် ရတနာလေး တစ်ပါးလိုဖြစ်ပြီး အထူးသဖြင့် အခြားသူများက သူ့အ​ပေါ်ကို ချစ်ခင်လွယ်ကြသည်ကို ဒီအချက်က​နေတွေ့မြင်နိုင်သည်။

မီးဖိုချောင်ထံမှ မွှေးရနံ့သည် တစ်အိမ်လုံးကို လွှမ်းခြုံထားသည်။ဆုနိုက အနံ့ရပြီးချက်ချင်းပဲ တိမ်ကိုးထပ်ပေါ်ကို မြှောက်တက်သွားသည်။ဘယ်စကားလုံးကမှ သူ့ခံစားချက်တွေကို တိတိကျကျ ဖော်ပြနိုင်စွမ်းမရှိပါဘူး။ဒိုင်အန်းသည် သူ့လက်ကို ဆေးကြောပြီး မီးဖိုချောင်သို့ သွားကာ အကူအညီပေးလိုက်သည်။ဆုနိုကတော့ အပျော်သဘောဖြင့် အမြန်ပါဝင်ပြီး ပန်းကန်များကို ဆေးပေးနေသည်။တကယ့်ကို ပျော်ရွှင်စရာကောင်းပြီး လိုက်ဖက်ညီတဲ့ အခိုက်အတန့်ပါပဲ။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now