EXTRA-4

1K 185 6
                                    

[Unicode]

အခန်း(၁၀၁):ရုပ်ရှင်ရိုက်ကူးရေး ၄

ကျုံးလီဖုန်းပိုင်က ဘယ်လောက်ပဲ လိမ်ညာပြောနေပါစေ သူ့ရင်ထဲမှာ ဘယ်လောက်တောင်မှ သက်တောင့်သက်သာရှိရှိ ခံစားနေရတယ်ဆိုတာကို လုံးလုံးလျားလျား မဖုံးကွယ်ထားနိုင်ခဲ့ပါဘူး။ထိုကဲ့သို့ မုချိုး​ရောက်လာပြီး​နောက် ရိုက်ကူးမှု၏နောက်ပိုင်းတွင် သူသည် ဆူဟောက်တာမျိုး​ သို့ tsundere ဆန်ဆန်ပြုမူတာတွေကို မလုပ်တော့ဘဲ အဲဒီအပြင် ခဏတာ အရူးတစ်ယောက်လို ရယ်မောလိုက်​သေးသည်။ပြီး​တော့ အေးစက်သောမျက်နှာအသွင်သို့ ချက်ချင်း ပြောင်းလဲသွားသည်။ဒါတောင် ပရိသတ်တွေရဲ့ စူးရှတဲ့ မျက်လုံးတွေကနေ လွတ်မသွားပါဘူး။

“အရင်က ပြောထားပြီးသားပဲ​,ဒါကို အစိုးရဆီ မလွှဲပေးနိုင်ဘူး” ဆုနိုက အေးစက်စွာပြောသည်။
"မင်းလက်လျှော့လိုက်တာ ပိုကောင်းမယ်"

"ငါ အတင်းယူမယ်ဆိုရင်​ရော ဘာဖြစ်မလဲ?" ချိုးကျီယန်က သူ့ညာဖက်လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

ဤအခိုက်အတန့်တွင် ဒုဗိုလ်ချုပ်ကြီးသည် စိတ်လှုပ်ရှားဖွယ်​အ​ခြေအ​နေကို ဖန်တီးရန် သူ့ရဲ့ဓားရှည်ကို ကမ်းပေးလိုက်သင့်သည်။ ဒါပေမယ့် ပြဿနာက ဒုတိယဗိုလ်ချုပ်ကြီးလည်း အရမ်းစိတ်လှုပ်ရှားသွားတာကြောင့် သူ ဓားကိုပေးလိုက်ချိန်တွင် ဆု​ရှောင်းနို၏ခြေရင်းဆီကို ဓါးကအပြင်းအထန် ပြုတ်ကျသွားတော့သည်။

“အား!” သိုင်းလောက၏ခေါင်းဆောင်သည် ရှက်စရာကောင်းလောက်အောင် ပြိုလဲကျသွားခဲ့သည်။

ဒါ အ​တော်​လေး နာတယ်!

အနီးနားက လူတွေက ချက်ချင်း ဝိုင်းအုံလာတော့၏။ ဇာတ်ဝင်ခန်းသုံးပစ္စည်းဆင်​​ပေး​ရေး ဆရာသည် နောင်တတရားများဖြင့်ပြည့်နှက်နေသည်၊ထိုသို့ဖြစ်မည်ကိုသာ စောစောက သိခဲ့လျှင် သူသည် စတီရိုဖောမ်ဓားတစ်ချောင်း(ပလပ်စတစ်ဓါး)ကို ပြင်​ပေးထားလိမ့်မည်!

"အဆင်ပြေရဲ့လား?" မိဖုရား​​ခေါင်ကြီးက စိုးရိမ်တကြီးမေးလိုက်သည်။

"ရတယ်,အဆင်ပြေတယ်,မင်းစိတ်ပူနေဖို့ မလိုဘူး။" ဆုနိုသည် သူ့ကုလားထိုင်ကို လှမ်းထောက်လိုက်ပြီး "အရေပြားနည်းနည်းပွန်းသွားရုံပဲ, ဘာမှမဖြစ်ပါဘူး"

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now