EXTRA-5

1K 198 4
                                    

[Unicode]

အခန်း(၁၀၂):ရုပ်ရှင်ရိုက်ကူးရေး ၅

နောက်နေ့မနက်တွင် ဒါရိုက်တာကျုံး၏ခါးသည် ငရဲကျ​နေသကဲ့သို့ နာကျင်နေသောကြောင့် အဖွဲ့သားများသည် သူတို့၏အားလပ်ရက်အား ဝမ်းမြောက်စွာလက်ခံခဲ့ရသည်။

"ကုတင်​​တောင်​ ကျိုးသွားတယ်​!" ဆုနိုက မနက်စာစားရင်း ဒေါသတကြီးပြောလိုက်သည်။ဘာလို့ ဒီလောက်တောင် မဟားတရား လုပ်နေကြတာလဲ!

သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ရှင်းရှင်းလင်းလင်း ထုတ်ပြလိုက်တာပဲ!

ငါလုံးဝမနာလိုပါဘူး!

ဒီကိစ္စဟာ သတင်းလုံးဝဖြစ်သင့်ပေမယ့် ဒေသခံရွာသားတွေက အမြဲတမ်း ရိုးရိုးရှင်းရှင်းသမား​တွေဖြစ်နေတာမို့  သံသယမဝင်ကြတာ သဘာဝပါပဲ။ယင်းအစား သူတို့သည် အလွန်အပြစ်ရှိကြောင်း ခံစားခဲ့ရသည် — သစ်သားကုတင်သည် စိုထိုင်းဆကြောင့် ပျက်စီးသွားခြင်းကြောင့်ဖြစ်နိုင်ပြီး  လုံခြုံစွာအိပ်စက်နိုင်ရန် မည်သူမျှမစစ်ဆေးမိခဲ့သောကြောင့် ကုတင်ထောက်တိုင်က လူနှစ်ယောက်၏အလေးချိန်ကို ခံနိုင်ရည်ရှိမည် မဟုတ်ကြောင်းပင်။

"ကျုပ်တို့ တကယ်ပဲ ထုတ်လုပ်ရေးအဖွဲ့ ကို တောင်းပန်ပါတယ်!"

"ဦးလေးလျို တောင်းပန်စရာမလိုပါဘူး" ကျုံးလီဖုန်းပိုင်သည် သူ့ခါးကို ကိုင်ထားရင်း သစ်ပင်တစ်ပင်ကို မှီကာ မျက်နှာဖြူဖျော့လို့သွားသည်။ ရွာသူကြီးအား နှစ်သိမ့်ရန် ကြိုးစားသော်လည်း သူ့အနေအထိုင်ပုံစံမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် တူနေ၏။ "ဒါက ကျွန်တော်တို့ရဲ့ အမှားပါ၊ကျွန်​တော်တို့ ကုတင်အတွက် ပြန်​လျော်ပေးပါ့မယ်"

“အဲလို မလုပ်ပါနဲ့။” ရွာလူကြီးက သူ့လက်ကို ဝှေ့ယမ်းလိုက်၏။ “ဒီကုတင်က ကျုပ်တို့ပိုင်ပေမယ့်၊ပြိုကျလို့ မင်းကို အပြစ်ပြောလို့မရဘူး။ပိုက်ဆံကိုဆို ပို့လို့တောင် မပြောသင့်ဘူး၊ မင်းအဲဒါအတွက် ပေးစရာမလိုဘူး။"

"သူက အရမ်းဝ​နေ​တော့ အိပ်ရာက ပြိုကျသွားတယ်!"ကျုံးလီဖုန်းပိုင်သည် ခရမ်းချဉ်သီးရောင် မျက်နှာဖြင့် ပြောလိုက်ပြီး သူ့ဘေးတွင် ရပ်နေသော မုချိုးကို ဒေါသတကြီး ကြည့်လိုက်သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now