EXTRA-6

1.1K 184 6
                                    

[Unicode]

အခန်း(၁၀၃):ရုပ်ရှင်ရိုက်ကူးရေး ၆

ခြေသံများသည် ပိတ်ပိတ်​မှောင်​နေသည့် လယ်ကွင်းများဘက်မှ ပဲ့တင်ထပ်လာသည်။သရဲဇာတ်ကားထဲက ဇာတ်ကွက်တစ်ခုလိုပါပဲ။ဆုနိုသည် သူ့လက်ထဲတွင် အုတ်ခဲကိုတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး မစိုးရိမ်,စိတ်မလှုပ်ရှားဖို့ကိုလည်း မိမိကိုယ်ကို သတိပေးလိုက်သည်။

နှာဘူး​ကောင်နဲ့ ရင်ဆိုင်ရတဲ့အခါကျရင် တည်ငြိမ်ရမယ်, လျင်မြန်ရမယ်,မညှာရဘူးလို့ အစ်ကိုကြီးက ငါ့ကို အကြိမ်များစွာ သင်ပေးခဲ့ပြီးသား!

ခြေသံများ နီးကပ်လာသည်နှင့်အမျှ ဆုနိုသည် အသက်ပြင်းပြင်းရှူကာ ခန္ဓာကိုယ်ကို လှည့်ပြီး 'ဝှစ်ချ်' ဟူသော အသံနှင့်အတူ အုတ်ခဲဖြင့် ပစ်ပေါက်လိုက်သည်။

ထင်ထားသည့်အတိုင်း သူက အရမ်းကိုရဲရင့်ပြီး ပစ်မှတ်ကို ထိခဲ့သည်။

“ဟေး!” ဒါရိုက်တာအိုးရန်သည် လန့်ဖြန့်သွားပြီး သူ့မျက်နှာကို တည့်တည့်ထိမှန်လုနီးပါး ဖြစ်သွားသည်။အုတ်ခဲကို အမြန်ရှောင်နိုင်ခဲ့လို့သာ,ပြင်းထန်စွာ ဒဏ်ရာရပြီးသွေးထွက်သံယိုမဖြစ်တာကိုပဲ  နတ်ဘုရားတွေကို ကျေးဇူးတင်ရမည်။သို့သော် သူ့ပခုံးက​တော့ ကပ်ထိသွား​သေးသည်။

သူ့​ရှေ့တွင် ရောက်​နေသည့်သူကို မြင်လိုက်ရ​တော့ ဆုနို၏တစ်ကိုယ်လုံးက တုန်လှုပ်ချောက်ချားသွားသည်။ Ultraman က ကောင်းကင်ကနေ ဆင်းသက်လာသလိုပါပဲ!

"ဘာလို့ ဒီ​လောက် ရက်စက်ရတာလဲ?" အိုးရန်လုံက ငိုရမလား ရယ်ရမလား မသိ။

ဆုနိုသည် အခက်အခဲများစွာကြားမှ သူ့အတွေးများကို ပြန်စု​ခဲ့ရသည်။သို့သော် ဝမ်းသာအားရ အံ့အားသင့်ရန် အခွင့်မရသေးမီတွင် တဖန်ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြန်သည်။သူ့ရဲ့ချောမောခန့်ညားတဲ့ ဒါရိုက်တာ၏ပခုံးဆီမှ သွေးများ စီးကျလာသည်ကို မြင်လိုက်ရပြီး သွေးများစီးကျနေသည့်အဖြူရောင်အင်္ကျီ၏ ပုံရိပ်က သူ့ကို ထိတ်လန့်တုန်လှုပ်သွားစေသည်။သူက သူ့ကိုကူညီဖို့ရာ အိုးရန်လုံဆီကို အလျင်အမြန် ပြေးသွားပေမယ့် သူ့ခြေထောက်က ချော်ကာ 'ဘန်း' ဆိုပြီး ဗွက်အိုင်ထဲကို ပြုတ်ကျသွားတော့၏။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now