EXTRA-7

1.3K 209 4
                                    

[Unicode]

အခန်း(၁၀၄):ရုပ်ရှင်ရိုက်ကူးရေး ၇


ဆုနို မျှော်လင့်ထားသလိုပဲ ရိုက်ကူးရေးအဖွဲ့က မစ္စတာဒါရိုက်တာကိုတွေ့တာနဲ့ ဒီချစ်စရာကောင်း,ဖြူစင်ပြီး စွဲလန်းပြင်းရှတဲ့ချစ်ခြင်းမေတ္တာက တကယ်ကို ကြည်နူးစရာကောင်းတယ်လို့ ခံစားသွားကြပြီး ချက်ချင်းဆိုသလို အကျယ်ကြီးပင် ပါးစပ်ဟသွားကြပါသည်။သို့သော် တစ်ချိန်တည်းတွင် မရေမတွက်နိုင်သော မိန်းကလေးများ၏နှလုံးသားထဲတွင် ယောက်ျားကောင်းတိုင်း ဂေးဖြစ်သွားပုံရသည်ဟု ညည်းညူရင်း ကြေကွဲသွားသလို ခံစားလိုက်ရပြန်၏။ဒါက တကယ့်ကိုကြောက်စရာကောင်းတာပဲ!

ကျုံးလီဖုန်းပိုင်က ထိုင်ချလိုက်ပြီး သူ့လက်ကို သူ့ခါးပေါ်တင်လိုက်သည်။သူ့ခန္ဓာကိုယ်အပေါ်ပိုင်းသည် အလွန်ဖြောင့်မတ်စွာ ထိုင်​နေပြီး ဂုဏ်သိက္ခာရှိသည့် အသွင်အပြင်အပြည့်ရှိနေ၏။ဟုတ်ပါတယ်!အဓိက အကြောင်းအရင်းကတော့ သူ့ခါးက မသက်သာသေးတဲ့အတွက် ဒီအနေအထားနဲ့ပဲ ထိုင်နိုင်လို့ပါပဲ။သူ နည်းနည်းလေး မှီတွယ်ထားပြီး သူ့သွားတွေကိုတင်းတင်းကျိတ်ထားနေရသည်။

"မင်းပြောကြည့်,သူဘာလို့ နှစ်ရက်လောက် အနားထပ်မယူရတာလဲ?" ဥက္ကဌမုသည် အလွန်စိတ်မကောင်းဖြစ်ခဲ့ရသည်။

"မင်း ဒါရိုက်တာကျုံးကို သုံးရက်လောက် အလုပ်ရပ်ဖို့ ဆွဲဆောင်နိုင်ရင် ငါ မင်းကို ထိုင်ရှိခိုးမယ်။" အိုးရန်လုံကလည်း ဆုနိုကို 'ရေထဲ ကန်ချခံရခြင်း' ဟူသော အပိုင်း ရိုက်ကူးရေးလုပ်မှာကို လုံးဝမလိုလားခဲ့ပေ။

သို့သော် ဆုနိုက​တော့ ထိုကဲ့သို့ မတွေးခဲ့မိသည်မှာ ထင်ရှားသည်။တကယ်တော့ သူလုပ်ချင်နေရုံတင်မကဘူး သူ့မှာ မျှော်လင့်ချက်ကြီးကြီးမားမားရှိခဲ့သေးသည်။

အစိုးရတပ်သားများသည် ဖြောင့်မတ်သော ဝူလင်ဂိုဏ်းခေါင်းဆောင်ကို ဝိုင်းပြီး တိုက်ခိုက်သဖြင့် ပြင်းထန်စွာ ဒဏ်ရာရပြီး မြစ်ထဲသို့ ပြုတ်ကျသွားသည်။မြင်ကွင်းက တကယ်ကို ခမ်းနားပြီး ယောကျာ်းပီသလွန်းတယ်!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now