EXTRA-8

1K 167 0
                                    

[Unicode]

အခန်း(၁၀၅):ရုပ်ရှင်ရိုက်ကူးရေး ၈


ဆုနိုသည် လောင်းကစားကိစ္စပြီးနောက် လော့လီကို လုံးဝ မေ့သွားပြီး အနှီနာမည်ကို ရုတ်တရက် ကြားလိုက်ရသောအခါတွင် ချက်ခြင်း သတိကပ်သွားမိသည်။

"သူ့က ဘာဖြစ်လို့လဲ?" ရှန်းဟန်သည် ဆုနိုမျက်နှာရှေ့တွင် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။သူ ဘာကြောင့်များ ရုတ်တရက် အံ့အားသင့်သွားရတာလဲ?

"ဘာမှမဟုတ်ပါဘူး" ဆုနိုက သတိခွက်လွတ်သွား၏။ "မင်းရဲ့ ချစ်လှစွာသောဝမ်းကွဲက ဘာကြောင့် ရုပ်ရှင်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့တာလဲ?"

"ဘယ်သူသိနိုင်မလဲ;သူက ပိုက်ဆံပဲရှာချင်နေတာ နေမယ်။" ရှန်းဟန်သည် ခန့်မှန်းလိုက်သည်။

'ငွေရှာချင်တာက ရိုးရှင်းတဲ့ကိစ္စမဟုတ်တာတော့ သေချာတယ်'။ ဆုနိုသည် မကျေမနပ်တွေးလိုက်သည်။
'သူ့မှာ ဖုံးကွယ်ထားတဲ့ကိစ္စတစ်ခုခု ရှိရမယ်!'

သူတို့က come out လုပ်ပြီးသားဖြစ်ပေမဲ့လည်း ဒီအရှုပ်အထွေးကိစ္စကြီးကို မရှောင်နိုင်ကြသေးပါဘူး။အရမ်းကိုမှ စိတ်ကသိက​အောက်ဖြစ်ရတယ်!'

ဆု​ရှောင်းနိုသည် စိတ်ပင်ပန်းစွာ သက်ပြင်းချလိုက်သည်။

"အကိုဆီမှာ သကြားလုံးရှိလား?" ရှန်းဟန်က သူ့ကို မေးလိုက်သည်။

သူသည် ချောကလက်ကို ကိုင်ပြလိုက်တော့ ရှန်းဟန်၏မျက်လုံးများက တောက်ပလာသည်။နှစ်ရာချီကြာအောင် ဘာမှမစားခဲ့ရသေးသလိုပဲ!

"ယန်ရှီက မင်းကို မကျွေးဘူးလား?" ဆုနိုသည် ချက်ခြင်းပင် ကိုယ်ချင်းစာမိသည်။

မစ္စတာယန်သည် ရှန်းဟန်၏အလုပ်မတရားများသူ မန်နေဂျာတစ်​ယောက်ဖြစ်ပြီး ကပ်​စေးနဲသူတစ်ဦးလည်းဖြစ်သည်။အလွန်ပင် ကြောက်စရာကောင်းလွန်းသည်။

နှိုင်းယှဥ်ကြည့်ရလျှင် သူ့ရဲ့တော်ဝင်ကိုယ်လုပ်တော်လေးက ပိုကောင်း၏။

"သူက စားရင်ဝိတ်တက်လာလိမ့်မယ်လို့ပြောတယ်။ဆေးသောက်ပြီးရင် သကြားလုံးတစ်လုံးတောင် မပေးသွားဘူး" ရှန်းဟန်က ဝမ်းနည်းကြေကွဲစွာ ပြောလိုက်သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now