70

10.8K 1.6K 75
                                    

{Unicode}

"ဝေးနိုင်သမျှ ဝေးသွားကြခြင်း"

ယဲ့ထင်သည် လူဖမ်းဖို့ရန် ဘက်တော်သားများကို ခေါ်ပြီး အောက်သို့ ဆင်းသွားသည်။

ကျောက်ရှန့်ဟိုင်သည် တစ်လျှောက်လုံး မူလနေရာတွင်သာ ရပ်နေခဲ့ပြီး ထို‌ခြေသံများကို မကြားရတော့မှသာ  ကမန်းကတန်းနှင့် အနားယူခန်း တံခါးရှေ့သို့ ဒုန်းဆိုင်းပြေးသွားသည်။

သူသည် သိုလှောင်ခန်းလေး၏ တံခါးကို ဆွဲဖွင့်လိုက်သည်။

ရန်ကျားလိသည် ကြောင်လေးတစ်ကောင်နှယ် အသံလည်း မပြုရဲဘဲ ခန္ဓာကိုယ်ကို ကွေးကောက်ပြီး ကျုံ့ကျုံ့လေး နေနေသည်။ အသက်လည်း အောင့်ထားရသည့်အတွက် မျက်နှာကြီးက နီရဲတွတ်နေသည်။

လတ်ဆတ်သည့်လေကို ရုတ်တရက် ရှူရှိူက်လိုက်ရသောအခါ ရန်ကျားလိသည် အသက်ပြင်းပြင်း ရှူပစ်လိုက်ပြီး ရင်ဘတ်မှာလည်း ပြင်းထန်စွာ တုန်ရီလှိုက်မောနေသည်။

"သူသွားပြီလား"

"အများကြီးပြောဖို့ အချိန်မရှိဘူး"

ကျောက်ရှန့်ဟိုင်က သူ့ကို ဆွဲမ,လိုက်ပြီး လောလော လောလောနှင့် သူ့လက်ထဲ ပစ္စည်းအချို့ ထည့်ပေးလိုက်သည်။ မျက်လုံးထဲတွင်လည်း အတော်အတန် အလျင်လိုနေမှုတို့ လွှမ်းမိုးနေပြီး

"မင်းမှာ အချိန်မိနစ်ပိုင်းပဲ ရှိမယ်။ စင်္ကြန်လမ်းကိုဖြတ်ပြီး ကုန်တင်ချတဲ့ လှေကားကနေ မြေအောက် ရောက်တဲ့အထိ ဆင်းသွား၊ အနောက်တံခါးမှာ မင်းကိုလာကြိုမယ့် ကားရောက်နေပြီ"

"ဘာမှ မမေးဘဲ ကားပေါ်သာ တက်လိုက်၊ မင်းကို လုံခြုံတဲ့နေရာ ခေါ်သွားပေးလိမ့်မယ်"

ကျောက်ရှန့်ဟိုင်သည် ရန်ကျားလိအား ဆက်လက် တွန့်ဆုတ်နေဖို့ အခွင့်အရေးကို မပေးတော့ချေ။

သူသည် ရုတ်တရက် ရန်ကျားလိကို တွန်းထုတ်ပစ်လိုက်ပြီး

"သွားတော့!"

ရန်ကျားလိသည်လည်း ဤအခြေအနေတွင် အီးရောအီးရော လုပ်နေလို့ မရမှန်း သိပါသည်။ ဤတစ်ကြိမ် သူသာ ပြေးမလွှတ်နိုင်ခဲ့လျှင် သူနှင့် ကျောက်ရှန့်ဟိုင်သည် ယဲ့ထင်ဆိုသော ခွေးရူးထံမှ အရိုးတခြား အသားတခြား ဖြစ်သည်အထိ အကိုက်ခံရပေတော့မည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now