Part 4

275 64 8
                                    

Part 4

အကြိမ်ကြိမ်ဝင်နေတဲ့ဖုန်းကို ဂျောင်ဆူး မကိုင်ဘဲပေကပ်နေတော့ ဘတ်ခ်ဟျွန်းက ဂျောင်ဆူးမျက်နှာကို အကဲခတ်သလိုကြည့်သည်။ ကျောင်းပိတ်ရက်ဆို ချန်ယောလ်က ဂျောင်ဆူးတို့အိမ်မှာ တစ်နေကုန် လာနေပြီး စာတူတူလုပ်လိုက်၊ ဂျောင်ဆူးကို စားချင်တာတွေချက်ကျွေးဖို့ ပူဆာလိုက်နှင့် နေနေကျဖြစ်ပေမဲ့ ဒီတစ်ပတ်တော့ ချန်ယောလ်ရောက်မလာခင် မနက်စောစောကတည်းက ဘတ်ခ်ဟျွန်းတို့အိမ်ကို သွားနေလိုက်သည်။

ရည်းစားရသွားတော့ လာ မလာ မသေချာပေမဲ့ လာရင်လည်း တွေ့ချင်စိတ်မရှိပါ။မနက်စောစော ဘတ်ခ်ဟျွန်းကို အတင်းနှိုးပြီး သူ့အခန်းထဲ ငုတ်တုတ်ထိုင်နေတော့လည်း ဘတ်ခ်ဟျွန်းက မနက်စာယူလာပေးပြီး ဘာမှ မမေးဘဲ ဂျောင်ဆူးဘက်က ပြောလာတာကို စောင့်နေပုံရပါသည်။ ၈ နာရီကျော်တာနဲ့ ဆက်တိုက်မြည်လာတဲ့ ဂျောင်ဆူးဖုန်းကြောင့် အသံကိုပိတ်လိုက်ပေမဲ့ မီးလင်းလာတဲ့ ဖုန်းမျက်နှာပြင်ကို မြင်နေရသေးသည်။

"လုံးဝမကိုင်ဘူးလား
အကျိုးအကြောင်းတော့ပြောလိုက်လေ ဆူး"

"မကိုင်ချင်ဘူး"

"ငါကိုင်ပေးမယ်"

ဇိုးခနဲ ဇတ်ခနဲ ဆွဲယူခံလိုက်ရတဲ့ဖုန်းလေးက ဘတ်ခ်ဟျွန်းလက်ထဲပါသွားသည်။

"အင်း ချန်ယောလ် ဆူးလေးက ဒီနေ့ငါနဲ့ဂိမ်းဆော့မလို့
မင်းကတော့ မင်းရည်းစားနဲ့ date နေလိုက်နော်
ငါ ဆူးကို ညနေမှ ပြန်ပို့ပေးတော့မယ် ဒါပဲ"

ဖုန်းကိုချလိုက်ပြီး အူတက်မလိုရီနေတဲ့ ဘတ်ခ်ဟျွန်းကြောင့် ဂျောင်ဆူးက မျက်စောင်းထိုးပြီးကြည့်လိုက်သည်။ ကိုယ်က စိတ်ညစ်နေတာကို သူက ရီနေသေးသည်။

"ပတ်ချန်ယောလ်တို့ ဆွေ့ဆွေ့ခုန်နေမှာ အသေအချာပဲ
သူမင်းအိမ်ရှေ့မှာတဲ့"

"ငါ့အိမ်ကို ဘာလို့များ လာနေသေးလဲ"

"ဆူး ငါ့ကိုကြည့်စမ်း
မင်းသူ့ကိုရှောင်နေလို့မရဘူးလေ မင်းတို့က ငယ်ကတည်းက ခင်ခဲ့တာဆို
ဘယ်လိုအကြောင်းပြချက်နဲ့ ဘယ်လောက်ကြာကြာမင်းရှောင်မှာလဲ
ရင်ဆိုင်ဖို့ နည်းလမ်းသာရှာစမ်းပါ
ဒီနေ့တော့ ငါ့အိမ်ရောက်နေပြီဆိုတော့ ငါနဲ့တူတူဂိမ်းဆော့ရအောင် လာ"

The heart wants what it wantsWhere stories live. Discover now