Part 10

278 65 12
                                    

Part 10

နှလုံးခုန်နှုန်းတိုင်းတဲ့စက်ကနေ တတီတီ မြည့်သံနဲ့ တစ်ချက်တစ်ချက် ရှိုက်သံလွဲရင် အခန်းက တိတ်ဆိတ်နေသည်။ မျက်နှာမှာ ဒဏ်ရာအနည်းငယ်နဲ့ ခြေထောက်ကို ကျောက်ပတ်တီး ကိုင်ထားရသူက ကုတင်ပေါ်တွင် လဲလျောင်းနေသည်။ အနားကို သွားပြီး လက်တွေကိုဆုပ်ကိုင်ထားဖို့တောင် ကျွန်တော်တွန့်ဆုတ်နေရသည်။ ကျွန်တော့်ကြောင့် ချန်ယောလ်က ဒဏ်ရာရခဲ့တာလေ။

ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာ ကျွန်တော်တို့ စကားများကြသည်။ ချန်ယောလ်ဘက်က အကြောက်အကန်ငြင်းချင်နေသည့်ကိစ္စကို ကျွန်တော်က မှန်ကန်ကြောင်းအတည်ပြုချင်ခဲ့သည်။ ချန်ယောလ် မကြားချင်သည့် စကားလုံးတော်တော်များများကို ကျွန်တော်သုံးခဲ့မိမှန်း သတိထားမိချိန်တွင် အရာအားလုံးနောက်ကျသွားခဲ့ပြီ။

"ငါမင်းကိုချစ်တယ်"

"မင်းလည်းသိလျက်နဲ့ဟန်ဆောင်မနေပါနဲ့တော့"

"ယောက်ျားချင်းချစ်လို့လည်း ဘယ်သူမှ အပြစ်မပြောပါဘူး ချန်ယောလ်"

"မင်းငါ့အပေါ်ဘာစိတ်မှမရှိတာသေချာရင် ငါ့နားမှာမနေဘဲ တခြားမိန်းမနဲ့လက်ထပ်လိုက်"

"ငါကတော့ မင်းအပေါ် ဒီတိုင်းပဲ ဆက်ချစ်သွားမှာ"

ကျွန်တော်က အခြေအနေကို နည်းနည်းလောက်ဖြစ်ဖြစ် သတိထားခဲ့မိသင့်သည်။ဘယ်လောက်ပဲ ပေါက်ကွဲနေပါစေ၊ ခံစားချက်တွေ မထိန်းချုပ်နိုင်ဖြစ်နေပါစေ
ကျွန်တော် ဆင်ခြင်ခဲ့သင့်သည်။ မင်အာနဲ့စကားပြောနေကတည်းက စိတ်မတည်ငြိမ်တဲ့ ချန်ယောလ်က ကျွန်တော့်စကားတွေကြောင့် ပိုပြီးစိတ်လှုပ်ရှားလာသလို သူ့အကြည့်တွေက ဂနာမငြိမ်တော့။

*မပြောနဲ့ မကြားချင်ဘူး* ဆိုသည့် ဟန့်တားမှုကိုလည်း ကျွန်တော် လျစ်လျူရှုပြီး ပြောချင်တာတွေသာ ဆက်ပြောနေခဲ့သည်။ ချန်ယောလ်က ရုတ်တရက် ကျွန်တော့်ရှေ့က‌နေ လှေကားဆီ ပြေးဆင်းသွားသည်။ လှေကားကနေ ပြုတ်ကျတဲ့အသံကြားပြီးတော့မှ ကျွန်တော်အသိစိတ်ပြန်ဝင်လာခဲ့သည်။ကျွန်တော် ချန်ယောလ်ကို စိတ်ရောကိုယ်ရော ထိခိုက်အောင် လုပ်လိုက်မိပြီ။

The heart wants what it wantsWhere stories live. Discover now