Part 6

268 67 13
                                    

Part 6

"ဂျောင်ဆူး ငါ ဒီည ညစာကို အပြင်မှာပဲ စားတော့မယ်...အွန်းဘီမွေးနေ့မို့လို့"

ညစာအတွက် ထမင်းပေါင်းလုပ်ရန် အသီးအရွက်များလှီးဖြတ်နေသော ဂျောင်ဆူးလက်များ ခဏရပ်သွားသည်။ ချန်ယောလ်သတိမထားမိအောင် သက်ပြင်းဖွဖွလေးချလိုက်ပြီး လုပ်စရာရှိတာဆက်လုပ်နေလိုက်သည်။

ချန်ယောလ်က အခုတလော ပြောင်းလဲသွားသည်။ ဒုတိယနှစ်အထိ အွန်းဘီနဲ့ဆက်တွဲနေပြီး ဂျောင်ဆူးကိုပေးနေကျ အချိန်အချို့က အွန်းဘီအတွက်ဖြစ်လာသည်။ အွန်းဘီကို တွဲသည်ဆိုရုံ အပျော်တွဲတာမဟုတ်ဘဲ လေးနက်လာသလိုမြင်ရပြီး ချန်ယောလ်အတွက် ဂျောင်ဆူးဆိုသည့် တည်ရှိမှုက တဖြည်းဖြည်းလျော့ပါးသလိုဖြစ်လာသည်။

ချန်ယောလ်ဘက်က ပြောင်းလဲသွားပေမဲ့ ဂျောင်ဆူးဘက်ကတော့ အရင်ရှိနေကျ ခံစားချက်တွေအတိုင်းပဲဖြစ်သည်။ ချန်ယောလ်အတွက် မနက်စာ၊ ညစာပြင်ဖို့၊ မနက်စောစောအိပ်ယာနှိုးဖို့တွေကို မပျက်မကွက် လုပ်ပေးနေမြဲဖြစ်သည်။ အဲ့ဒီကိစ္စတွေကို ချန်ယောလ်ဘက်က အကြည်တသာ လက်ခံပေးနေပြီး မလိုအပ်တဲ့အချိန်မှသာ ငြင်းဆန်တတ်သည်။

"ဂျောင်ဆူး ငါပြောနေတာကြားလား"

"အင်း ကြားတယ် ချန်ယောလ်"

"မင်းတစ်ယောက်တည်းဆို မချက်ဘဲ မှာစားရင်စားလေ"

"ရတယ် ငါထမင်းပေါင်းစားချင်လို့"

"ဒါဆို ငါသွားတော့မယ်"

"အင်း"

အိမ်ခန်းတံခါးပိတ်သံကြားပြီးနောက် လုပ်လက်စများက အလိုလိုရပ်သွားသည်။ လှီးချွတ်ထားသော အသီးအရွက်အားလုံးနှင့် ချက်ပြီးသားထမင်းကိုပါ အမှိုက်ပုံးထဲ သွန်ပစ်လိုက်သည်။ ချန်ယောလ်ကြိုက်တတ်လို့ ချက်ကျွေးတာက ချန်ယောလ်မစားဘူးဆိုတော့ အမှိုက်ပုံးထဲသာထည့်ရန်ရှိတော့သည်။

မီးဖိုခန်းကို အကုန်လုံး သန့်ရှင်းရေးလုပ်ပြီး အခန်းထဲမှာပဲ ဝင်ခွေနေလိုက်သည်။ ညစာစားချင်စိတ်လည်းမရှိတော့သလို ဘာမှလည်းလုပ်ချင်စိတ်မရှိတော့။ မသိသလို ဂရုမစိုက်သလိုနေပေမဲ့ ချန်ယောလ်က အွန်းဘီကို အရင်ထက်ပို  အလေးပေးတာ ဂရုစိုက်နေတာကို ခံစားမိနေတဲ့ နှလုံးသားက နာရသည်။ကိုယ့်အတွက်ဖြစ်မလာနိုင်တဲ့အရာက သူများအတွက်ဖြစ်သွားသည်ဆိုတော့လည်း မေ့မေ့ပျောက်ပျောက် နေသည့်တိုင် နာကျင်နေရသေးတာပဲ။

The heart wants what it wantsWhere stories live. Discover now