EXTRA-9

940 157 5
                                    

[Unicode]

အခန်း(၁၀၆):ရုပ်ရှင်ရိုက်ကူးရေး ၉


"မင်း ကိုယ့်ကိုဘာပြောမလို့လဲ?" အိုးရန်လုံသည် သူ့ရဲ့အသီးအနှံလင်ဗန်းကို ကျောက်စားပွဲပေါ်တွင် တင်လိုက်သည်။

ဒိုင်အန်းသည် အခွင့်​ကောင်းရှာကာ အလျင်အမြန်ထွက်ခွာသွားပြီး ဆုနိုအား မုန်တိုင်းဒဏ်ကို တစ်ယောက်တည်း ရင်ဆိုင်ရန် ထားရစ်ခဲ့သည်။မိုက်ရိုင်းလိုက်တဲ့ သူငယ်ချင်းပဲ!

“ဒီလိုပါပဲ။” ဆု​ရှောင်းနိုလေးက သူ့ချစ်သူကို ကြည့်ပြီး "ဒါရိုက်တာကြီး သိတဲ့အတိုင်းပဲ လူတော်တော်များများက ကျွန်တော့်ကို သဘောကျနေကြတယ် မဟုတ်လား?"

“အင်း...” အိုးရန်လုံက ကြိတ်ရယ်မိသည်။

"ဒါပေမယ့် ကျွန်တော့်ကို လူဘယ်နှစ်ယောက်လောက် မက်မောကြတယ်ဆိုတာ အရေးမကြီးပါဘူး၊ကျွန်​တော်က ဒါရိုက်တာကြီးကိုပဲ မျက်လုံးထဲရှိတာပါ" ဆုနိုက ကတိပေးလိုက်၏။သူသည် အဓိကအကြောင်းအရာသို့မသွားမီ သင့်လျော်သောအ​ကြောင်းဆီကို အရင်သွားထားရမည်။

"အဲဒါ ဘာလဲ?ကိုယ့်ကိုပြော။" အိုးရန်လုံသည် ဆုနို၏နဖူးကို ပုတ်လိုက်သည်။

"လော့လီကို မှတ်မိလား?" ဆုနိုက အသက်ပြင်းပြင်းရှူလိုက်သည်။

ဒါရိုက်တာရဲ့မျက်နှာက ချက်ချင်းမည်းမှောင်သွားပြီး "သူ မင်းကို ထပ်ပြီးစော်ကားသေးတာလား?"

“ဒီတစ်ခါတော့ မဟုတ်ပေမယ့် သူက ဒီဇာတ်ကားအတွက် ရင်းနှီးမြှုပ်နှံသူတစ်ယောက်လည်း ဖြစ်တယ်ဆိုတာ သိလိုက်ရတယ်။” ဆုနို၏အမူအရာသည် အလွန် သနားစရာကောင်းနေသည်။

"ရင်းနှီးမြှုပ်နှံသူ?" အိုးရန်လုံသည် မျက်ခုံးပင့်လိုက်သည်။

"အင်း...မကြာခင် သူ ဒီကိုရောက်လာလိမ့်မယ်။" ဆု​ရှောင်းနိုသည် အိုးရန်လုံရဲ့ခါးကို ကိုင်ထားပြီး "သူက ကျွန်တော်ကိုတွေ့ဖို့ ဒီမှာရောက်​နေတာ မဟုတ်ဘူးဆိုရင်​တောင် ရှန်းဟန်က သူ့ညီဝမ်းကွဲဖြစ်ပြီး သူတို့တွေက တော်တော်ရင်းနှီးတယ်လို့ ကြားတယ်။” ဒီလိုသတင်းမျိုးတွေကိုပြောတဲ့အခါ ရံဖန်ရံခါ ချဲ့ကားပြောဆိုခြင်းကို ခွင့်ပြုထားသင့်တယ်၊ အဲဒါကို နှုတ်​ရေးအနုပညာလို့ ခေါ်တယ်!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now