EXTRA-10

915 157 2
                                    

[Unicode]

အခန်း(၁၀၇):ရုပ်ရှင်ရိုက်ကူးရေး ၁၀


ဒိုင်အန်း၏ဖြူဖပ်ဖြူရော်ဖြစ်နေသည့်မျက်နှာကို ကြည့်ရင်း လော့လီသည် သိသိသာသာပင် စိတ်အ​ခြေအ​နေကောင်းလာသည်။

မှန်တယ်!သူက ဗီလိန်ဆိုတာ အသေချာပဲ!

"တော်ဝင်ကိုယ်လုပ်တော်လေး!" ဆုနိုသည် ဒိုင်အန်း ပြန်သွားသည့်သတင်းကြားတော့ ဖုန်းခေါ်ဖို့ရာ အိမ်ခေါင်မိုးပေါ်ကို ချက်ချင်းတက်သွားတော့သည်။ "အိမ်ကို ချက်ချင်းပြန်ရ​လောက်​အောင် ဘာဖြစ်လို့လဲ?"

“တကယ်တော့ ဘာမှမဟုတ်ပါဘူး။ငါ့ဦးလေးရဲ့မိသားစုမှာ ငါဖြေရှင်းပေးရမယ့် ပြဿနာတချို့ ကြုံနေရတယ်” ဒိုင်အန်းက လိမ်ညာခဲ့သည်။ "ရုပ်ရှင်ရိုက်ကူးရေးကိုပဲ အာရုံစိုက်,တတ်နိုင်သလောက် မြန်မြန် ပြန်လာမှာပါ"

"မင်းတစ်ခုခုလိုအပ်ရင် ငါ့ကိုခေါ်လိုက်​နော်"ဆုနိုက စိတ်အေးသွားသည်။ "အ​လောမကြီးနဲ့,မင်းမိသားစုကိုသာ အရင်ဂရုစိုက်လိုက်"

"အင်းပါ" ဒိုင်အန်း၏နှလုံးသားသည် တုန်လှုပ်သွားသည်။နိုနိုက အရွယ်​ရောက်လာပြီပဲ!စာနာတတ်တဲ့စိတ်ထား​လေးလည်းရလာပြီ!ဒိုင်အန်းက သူ့ကို ပြင်းပြင်းထန်ထန် ကာကွယ်ပေးဖို့လိုတယ်လို့ ခံစားလိုက်ရသည်။

ထို့ပြင် လော့လီသည် မနက်ဖြန်ရိုက်ကူးရေးကို သွားကြည့်လိုကြောင်း သာမန်ကာလျှံကာ ပြောလာသောအခါ ဒိုင်အန်းက ၎င်းကို အပြင်းအထန် ကန့်ကွက်ခဲ့သည်။

"ဘာလို့လဲ?" လော့လီက မေး၏။

"ဘာလို့လဲဆိုတော့ ခင်ဗျား နိုနိုကိုစိတ်ဆိုးအောင် လုပ်မှာစိုးလို့" အကုန်လုံးလည်း ပွင့်ပွင့်လင်းလင်း သိနေပြီဖြစ်တာကြောင့် ဒိုင်အန်းသည်လည်း ဝေ့ဝှိက်ကာ​ပြောမ​နေ​တော့ရန် ဆုံးဖြတ်ခဲ့သည်။

လော့လီက ပြုံးလိုက်ပြီး "မင်း ဘာလို့ ဒီလောက်တုံးရတာလဲ?"

“ပင်လယ်ထဲမှာ ငါးတွေအများကြီးရှိပါတယ်,ဘာလို့များ တခြားတစ်ယောက်ကို ချစ်ဖို့ မကြိုးစားတာလဲ?" ဒိုင်အန်းက စိတ်ရှည်စွာ တိုက်တွန်းခဲ့သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now