EXTRA-11

944 165 1
                                    

[Unicode]

အခန်း(၁၀၈):ရုပ်ရှင်ရိုက်ကူးရေး ၁၁


"မနေ့က ရေချိုးခန်းထဲမှာ လဲကျသွားတုန်းက မင်းခြေကျင်းဝတ်လည်သွားတာ ဖြစ်နိုင်တယ်။" လော့လီက ဒိုင်အန်းကို ကုတင်ပေါ်ပြန်ထိုင်စေပြီး "ငါ ဆရာဝန်သွားခေါ်လိုက်မယ်။"

ငါဘာလို့ ကံဆိုးရတာလဲ!

တော်ဝင်ကိုယ်လုပ်တော်လေးက မျက်ရည်တောင် တပေါက်ပေါက်ကျချင်လာသည်။

ဒါပေမယ့် စစ်​ဆေးပြီးနောက် လော့လီနဲ့ သူ့ကို လမ်းတစ်ဖက်က ဟိုတယ်ခန်းထဲကို အတင်းအကြပ် ရွှေ့ခိုင်းစေလိုက်တာပဲ။

ဆေးရုံကုတင်အ​ရေအတွက်က ကန့်သတ်ထားသောကြောင့် ဒိုင်အန်း၏အသေးစားဒဏ်ရာအတွက် အထူးကောင်းမွန်သည့် ဆေးရုံအခန်းကြီးတစ်ခုလုံးကို သိမ်းပိုက်ထားခြင်းအား လက်မခံ​ပေ။ဒါပေမယ့်လည်း ပုံမှန်ဆေးရုံအခန်းတွေက အဆင်မပြေတဲ့အတွက် လော့လီက ဆေးရုံတစ်ဖက်,လမ်းဘေးမှာရှိတဲ့ ဟိုတယ်အခန်းကို ကြိုတင်စာရင်းသွင်းဖို့ ဆုံးဖြတ်လိုက်တာကြောင့် နောက်ထပ်စစ်ဆေးမှုများအတွက် အလွယ်တကူ ဆေးရုံသို့ပြန်သွားပြလို့ လွယ်စေသည်။

"အောက်ထပ်က ဘဏ်ကိုပို့ပေးနိုင်မလား?ကျွန်တော် ပြန်ပေးမယ်။”

"လေးသိန်းနော်?" လော့လီက အဓိကအချက်ကို ပြောလိုက်သည်။

ဒိုင်အန်း:......

“အခုလောလောဆယ် ပိုက်ဆံမရှိသေးရင်လည်း စိတ်ပူစရာမလိုပါဘူး။တစ်နှစ်ကို နှစ်သောင်းနှုန်းနဲ့ နောက်အနှစ်နှစ်ဆယ် ပြန်ဆပ်နိုင်တယ်" လော့လီက သူ့ကို နှစ်သိမ့်ဖို့ ကြိုးစားလိုက်၏။ "ငါ မင်းကို အတိုးမယူပါဘူး။"

"ကောင်းသောညပါ!" ဒိုင်အန်းသည် စောင်ကိုကိုင်ကာ ခေါင်းထိခြုံလိုက်သည်။

လော့လီသည် ဒိုင်အန်း၏ ဗိုက်ကိုလက်ညှိုးဖြင့် ထိုးလိုက်သည်။ သူ့ဘေးနားမှာ ရပ်​နေရင်း လော့လီတစ်​ယောက် ရွှင်လန်းနေခဲ့သည်။

"ရပ်လိုက်!!" တော်ဝင်ကိုယ်လုပ်တော်လေးက ဒေါသမီး​တွေ​တောက်​လောင်ရပြီ။သူဘာလို့ ဒီ​လောက်တောင်စိတ်​ရှုပ်စရာ​ကောင်းနေရတာလဲ!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now