EXTRA-12

1K 164 0
                                    

[Unicode]

အခန်း(၁၀၉):ရုပ်ရှင်ရိုက်ကူးရေး ၁၂


ဆီးပြဿနာသည် တော်ဝင်ကိုယ်လုပ်တော်လေးအား ထိတ်လန့်သွားစေသည်။ဟိုတယ်ခန်းတွင် သူသည် လော့လီ၏လက်ပ်​တော့အား သိမ်းယူခဲ့သည်။လော့လီက​တော့ဖြင့် ကုမ္ပဏီက တောင်လိုပုံ​နေ​သော အလုပ်​တွေကိုဖိအား​ပေးလုပ်ခိုင်းခံရကာ အောက်ထပ်က အင်တာနက်ကဖေးတွင် စီးကရက်မီးခိုးငွေ့များတလူလူဖြင့် သနားစရာကောင်းလောက်အောင် ပြည်နှင်ဒဏ်ခံခဲ့ရသည်။

ဒိုင်အန်းသည် Baidu ရှိ search barကိုဖွင့်ပြီး 'ငါ ဆီးသွားရတာ အဆင်မပြေဘူး' လို့ ရိုက်ရှာလိုက်သည်။ အနည်းငယ်သနားစရာကောင်းသည်ဟု သူထင်မိတာကြောင့် 'ဆီးပြဿနာများကို ကိုင်တွယ်ဖြေရှင်းနည်း' သို့ ပြောင်းလိုက်ပြီး ရှာဖွေသည့်ခလုတ်ကို မဝံ့မရဲ နှိပ်လိုက်သည်။

ရဲရင့်သည့်ကမ္ဘာသစ်ဆီသို့ သူ့ရှေ့တွင် တံခါးပေါက်ပွင့်လာသည်။
စာမျက်နှာထက်မှ ထောင်နှင့်ချီသော သက်ဆိုင်ရာ ရှာဖွေမှုရလဒ်များ ထွက်​ပေါ်လာ၏။

အ​ကောင့်တုများအောက်တွင် အမျိုးသားအများအပြားသည် သူတို့၏ဆီးအကြိမ်ရေ၊ဆီးမြန်ခြင်းနှင့် ဆီးတုံ့ဆိုင်းခြင်းပြဿနာများကို ဝန်ခံခဲ့ကြသည်။

ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းလိုက်လဲ​!

ဒိုင်အန်းသည် ရှာဖွေမှုရလဒ်တစ်ခုပေါ်တွင် ကျပန်းနှိပ်လိုက်သည်။ ပို့စ်တင်သူသည် ဆီးသွားတိုင်း ညှဉ်းပန်းနှိပ်စက်ခံရသလိုမျိုးဖြစ်ပြီး ဆီးမထွက်လာတဲ့အခါ အလွန်စိတ်ပူပန်ခဲ့ရ​ကြောင်း ရေးတင်ထားသည်။ရုပ်ပိုင်းဆိုင်ရာ နာကျင်ရုံသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေခဲ့၏။

ဒါအမှန်ပဲ! တော်ဝင်ကိုယ်လုပ်တော်က ခေါင်းညိတ်သဘောတူသည်။
ထို့နောက် ပို့စ်အောက်တွင် ချက်ချင်းဆိုသလိုပင် ဆရာဝန်ပရိုဖိုင်ဓာတ်ပုံပါသော "ကျွမ်းကျင်သူ"က cmt ပေးထားသည်;ကျွန်တော့်ရဲ့ကျယ်ပြန့်တဲ့အတွေ့အကြုံအရ ပို့စ်တင်သူရဲ့ ပြဿနာက အလွန်အကျွံတစ်ကိုယ်ရည်အာသာဖြေခြင်းကြောင့်ပဲ။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now