EXTRA-13[END]

3.4K 288 12
                                    

[Unicode]

အခန်း(၁၁၀):ရုပ်ရှင်ရိုက်ကူး​ရေး ၁၃

 
ပြတင်းပေါက်အပြင်ဘက်တွင် လေပြင်းများ ဆက်လက်တိုက်ခတ်လာ၏။ဆယ်မိနစ်ခန့်အကြာတွင် လော့လီသည် ဝယ်လာသည့်အစားအ​သောက်အစုံအလင်ဖြင့် ပြန်ရောက်လာပြီး မိုးရေစက်​တွေက သူ့အဝတ်အစားတွေမှ စီးကျလာသည်။

"ဘာလို့ ထီးမဝယ်လာရတာလဲ?" ဒိုင်အန်းက မေးသည်။

"လေထန်လွန်းတယ်၊ထီးတွေနဲ့ အဆင်မ​ပြေဘူး" လော့လီသည် ထမင်းဘူးများကို စားပွဲပေါ်တင်လိုက်သည်။စိုနေသည့် အင်္ကျီကို ချွတ်ကာ ဆံပင်အခြောက်သုတ်ရန် ရေချိုးခန်းထဲသို့ ဝင်သွားသည်။

သူ့ရဲ့​ကြေးညို​ရောင်အသားရောင်က သူ့ရဲ့ကျန်းမာရေးကောင်းနေတာကို ဖော်ပြနေပြီး တောင့်​တောင့်တင်းတင်း​ရှိ​နေတဲ့ကြွက်သားတွေနဲ့ လော့လီရဲ့ ပုံသဏ္ဌာန်ဟာ catwalk လျှောက်လမ်း​ပေါ်က အမျိုးသားမော်ဒယ်တစ်ယောက်နဲ့တူနေသည်။
သို့သော် ဒိုင်အန်းကတော့ဖြင့် သူ့ရဲ့အလှကို ချီးမွမ်းလိုစိတ်မရှိ၊စိတ်ဖိစီးနေဆဲဖြစ်သည်။

"ဘာလို့မစားသေးတာလဲ?" လော့လီသည် သူ့ဆံပင်ကို အခြောက်ခံပြီးနောက် ထွက်လာခဲ့သည်။ဒိုင်အန်းတစ်​ယောက် သူ့ကုလားထိုင်ပေါ်တွင် မှိန်းနေသေးသည်ကို မြင်လိုက်ရသဖြင့် သူ့အတွက် ထမင်းဘူးများကို ဖွင့်ပေးလိုက်သည်။သူ့ရဲ့ဗလာကျင်းလျက်ရှိ​နေတဲ့အပေါ်ပိုင်းကို ဒီလိုပုံစံနဲ့ လှုပ်ရှားနေတာကို မြင်ရတာ ဆွဲဆောင်မှုရှိနေပြီး သူ့မှာ အကျည်းတန်တဲ့ ချုပ်ရိုးအစင်းကြောင်းတွေပါ ရှိနေသေးသည်။
အမာရွတ်ကိုကြည့်ရုံဖြင့် ဒိုင်အန်း၏ဦးရေပြားသည် တစ်ဆစ်ဆစ်ဖြစ်သွားပြီး သူ့ရင်ဘတ်ထံမှ ရုတ်တရတ်စူးရှသွားသလို ခံစားလိုက်ရသည်။

မသိရင် သူမှာ အမာရွတ်​တွေ ရှိသွားသလိုပဲ!

"ဒါ​တွေက တိုက်ပွဲမှာ ရခဲ့တဲ့အမာရွတ်​တွေ" လော့လီသည် သူ့ခေါင်းထိပ်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ “မင်း စားသင့်ပြီ”

"ခင်ဗျားရဲ့နှလုံးသားကို ရောက်လုနီးနီးပဲ" ဒိုင်အန်းက မျက်ခုံးတွန့်ကာ။သူ ဘာလို့ ဒီလောက်တောင်မဆင်မခြင်လုပ်ရတာလဲ?

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now