Part - (29)

484 62 6
                                    

1944ခုနှစ် ၊ ဒီဇင်ဘာလ 26ရက်နေ့
.............................................

"ငါတို့နိုင်ငံငါတို့ပြန်ပေး တို့အရေး! တို့အရေး!"

"ဂျပန်တွေရဲ့လွတ်လပ်ရေးအတုကိုမလိုလားဘူး! ငါတို့နိုင်ငံ ငါတို့ပြန်ပေး တို့အရေး တို့အရေး!"

"ငါတို့လွတ်လပ်ရေးငါတို့ပြန်ပေး!"

"ဟိုကောင်တွေတက်လာပြီ ပြေးကြ! အားလုံးပြေးကြ!"

လမ်းမကြီးပေါ်မှာဆန္ဒပြနေတဲ့လူငယ်အုပ်စုကချက်ချင်းပဲသူတို့လက်ထဲက စာရွက်တွေကိုပစ်ချပြီးအနောက်ကိုလှည့်ပြီးတက်ညီလက်ညီပြေးကြလေတော့သည်။

"ဒိုင်း ဒိုင်း ဒိုင်း"

တချို့တုတ်၊ ဓားယူလာတဲ့လူတွေကလဲသေနတ်ပစ်သံကြားရတာနဲ့ စပြီးတုတ်တွေ၊ ဓားတွေအကုန်ပစ်ကာထွက်ပြေးကြရပါတော့သည်။

ထိုလူအုပ်ကြီးထဲတွင်အသက်ရှင်ဖို့ကအရေးအကြီးဆုံးလို့သဘောထားကာ အသက်လုပြေးနေတဲ့ကောင်ငယ်လေးတစ်ယောက်ပါဝင်နေသည်။

"အာ့"

လူအုပ်ကြီးထဲမှာမို့လာသမျှလူတွေအာဏာရှင်ရဲ့ဘက်တော်သားတွေကို ဓားနဲ့ထိုးဖို့ပြင်ထားတဲ့လူအချို့လဲပါဝင်နေတယ်။ ဒီလူတွေဟာထွက်ပြေးတဲ့အချိန်မှာတော့သူတို့ဓားကိုပြန်သိမ်းဖို့မေ့တတ်ကြတယ်။

အဲ့လိုအခြေအနေမှာတိုးပြီးကျဉ်းကြပ်နေတဲ့လူအုပ်ကြားထဲမှာပဲကောင်လေးရဲ့ခါးဘေးနားကလူတစ်ယောက်ယောက်ရဲ့ဓားနဲ့ထိသွားပြီးကောင်လေးကိုနာကျင်စေတယ်။

ဒါပေမယ့်ကောင်လေးကအနာဒဏ်ရာကိုလျစ်လျှူရှုလိုက်ပြီးဆက်သာပြေးနေခဲ့တယ်။ သူ့ဘေးနားခါးကအင်္ကျီစရဲ့စိုစွတ်မှုကြောင့်သွေးထွက်နေပြီဆိုတာလဲသိနေတယ်။

လူတိုင်းကသူတို့မှာပါလာတဲ့အရာတွေကိုပစ်ချပြီးပြေးနေကြပေမယ့်ဒီကောင်လေးကတော့ သူ့ရဲ့လက်ထဲကစာရွက်ကိုလုံးဝလက်ကမလွှတ်။

လူတိုင်းကဈေးဆိုင်တွေများတဲ့လမ်းကြားတွေထဲပြေးဝင်တာကြောင့် ကောင်လေးကဘာဆက်ဖြစ်မလဲဆိုတာကိုကြိုသိပြီးဈေးဆိုင်နည်းတဲ့လမ်းထဲကိုပြေးဝင်လိုက်တယ်။

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now