Extra - (1)

290 25 0
                                    

မှောင်လိုက်တာ...။ ဘာလို့ဒီလောက်တောင်မှောင်နေရတာလဲ...? ကိုကိုရော...? ကိုကိုဘယ်နားမှာလဲ။ ကိုကိုအဆင်ပြေရဲ့လား။ ကိုကိုကဒီအချိန်ဆိုမောင့်ကိုစိတ်ပူနေလောက်ပြီကို။

ဂျယ်နိုကသူ့ရဲ့ဘေးတစ်ဝိုက်မှာရှိနေတဲ့မှောင်မဲပိန်းပိတ်နေသောပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်။ ဂျယ်နိုဟာကိုယ့်ကိုယ်ကိုအပြင်အခြားဘာဆိုဘာကိုမှမမြင်ရခဲ့။

ဂျယ်နိုကအရှေ့ကိုဘာမှမမြင်ရပေမယ့်လည်းသူ့ရဲ့ခြေလှမ်းတွေကို သတ္တိအပြည့်နဲ့တစ်လှမ်းရှေ့တိုးလိုက်တဲ့အခါမှာကံကောင်းစွာနဲ့ပဲလမ်းရှိနေခဲ့တယ်။

ပြီးတော့ဂျယ်နို့နောက်ကိုလိုက်နေတဲ့ဂျယ်နို့အပေါ်မှာသာထွန်းလင်းပေးနေတဲ့ တစ်ခုတည်းသောအလင်းရောင်လေးဟာဂျယ်နိုထြေလှမ်းသွားရာကိုလိုက်နေခဲ့တယ်။

ဂျယ်နိုဟာအမှောင်ကြောက်တတ်တဲ့လူတစ်ယောက်။ သူ့ရဲ့မျက်စိရှေ့မှာတင်သူ့အမေဟာအမှောင်ထဲမှာသတ်သေသွားတာဖြစ်ပြီးတော့အမှောင်ကသူ့ကိုဘယ်လောက်ကြောက်လန့်စေလဲဆိုတာသူကိုယ်တိုင်သာသိလိမ့်မည်။

ဒါပေမယ့်လည်းဂျယ်နိုဟာပိန်းပိတ်နေတဲ့အမှောင်ထုထဲမှာရှေ့ဆက်လျှောက်ဖို့လက်မလျှော့ခဲ့။ အမှောင်တွေကိုကြောက်ပေမယ့်အမှောင်ထက်ဂျယ်မင်းမရှိတဲ့ဘဝကိုပိုကြောက်မိတယ်...။

ဂျယ်နိုဟာသူ့ရဲ့အရှေ့ဘက်ကိုခြေတစ်လှမ်းလှမ်းလိုက်မိတိုင်းသူဟာ အန္တာရာယ်တစ်ခုနဲ့ကြုံတွေ့ဖို့ရာပိုမိုနီးကပ်လာသလိုခံစားရသည်။ ဒါပေမယ့်ဒီခံစားချက်ကသူ့ကိုမရပ်တန့်စေခဲ့။

"ဂျယ်နို~"

ဂျယ်နိုရဲ့ခြေလှမ်းတွေကချက်ချင်းပဲရပ်တန့်သွားပါ၏။ ဂျယ်မင်းကသူ့ရဲ့အနောက်ကိုလှည့်ကြည့်လိုက်တယ်။ ဒါပေမယ့်ဘယ်သူမှမရှိနေခဲ့။

"နိုနို~"

ဂျယ်နိုကနောက်တစ်ခါသူ့ရဲ့အနောက်ကိုကြည့်လိုက်မိသော်လည်းရှိမနေတာကြောင့် ဂျယ်နိုကဘေးပတ်ပတ်လည်ကိုလှည့်လည်ကြည့်ရင်းသူရင်းနှီးနေတဲ့အသံပိုင်ရှင်ကိုလိုက်ရှာနေခဲ့တယ်။

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now