Part - (38)

393 57 3
                                    

"ဂျယ်နို..."

"ဒီနေရာကမလုံခြုံဘူး သားရဲ့။ မေမေတို့နဲ့လိုက်ခဲ့လေနော်"

"ဂျယ်နို အဖေတို့အိမ်မှာမပြည့်စုံတာလဲမရှိဘူး။ သားရဲ့အဘိုးကိုပါခေါ်ခဲ့မယ်လေ"

ဂျယ်နိုကစိတ်ပျက်စွာနဲ့ပဲဒီစိတ်ပျက်စရာစကားဝိုင်းမှာထိုင်နေရတယ်။ သူ့ကိုအိမ်လိုက်ဖို့အတွက်ဘာကိစ္စနဲ့ဒီလောက်ခခယယလာခေါ်နေရတာလဲ?

မွေးကတည်းကဒီမှာရှိလာတာကိုအခုချိန်မှထွက်ခွါရမယ်ဆိုတာကြီးကဘာမှသိပ်မဖြစ်ပေမယ့် စာအုပ်တွေကရော? စာအုပ်တွေကိုဘယ်လိုလုပ်မလဲ?

စာအုပ်ဆိုင်မှာစာအုပ်ငှါးပြီးလာဖတ်နေကြသူတွေ။ လာဝယ်နေကြသူတွေကရော? ပြီးတော့ထိုကောင်ငယ်လေးသာဒီကိုပြန်လာရင်ရော?

ဂျယ်မင်းသာဒီကိုပြန်လာလို့သူကရှိမနေခဲ့ရင်ဂျယ်မင်းဘယ်လိုဖြစ်သွားမလဲ? ဘာပဲဖြစ်ဖြစ်အဲ့နေ့ကဂျယ်နိုဟာအိမ်ပြန်လိုက်ခဲ့ရပါသည်။

အမှတ်တရအပြည့်နဲ့စာအုပ်ဆိုင်ကိုသော့ခတ်ပိတ်ရင်းနဲ့ပေါ့။ ဂျယ်နိုကနောက်ဆုံးအနေနဲ့စာအုပ်ဆိုင်ကိုကြည့်လိုက်တယ်။ လှပဆတဲ့အမှတ်တရတွေပဲ။

ခဏတာအချိန်လေးကသူ့ကိုရင်ခုန်စေခဲ့တယ်။ ဝမ်းနည်းစေခဲ့တယ်။ ပျော်ရွှင်စေခဲ့တယ်။ သူ့ရဲ့စနောက်တဲ့ပုံစံကိုဖော်ပြခဲ့တယ်။ ပြီးတော့သူကချစ်ခဲ့တယ်။ ဆနနနနနနနနနနထနိပနိိိ

..............................................................................
"မင်းပါးစပ်ပိတ်ပြီးအသာနေစမ်းပါ"

ဂျယ်မင်းကထဆဲပြီးငိုချင်သလိုတောင်ဖြစ်သွားရတော့သည်။ ထောင်ဖောက်ပြေးပါတယ်ဆိုနေဘေးနားကစကားကိုတစ်တွတ်တွတ်မနားတမ်းပြောနေတဲ့ဂျီဝူးပင်။

အစကတော့အဆင်ပြေပေမယ့်လမ်းထောင့်ချိုးတစ်ဖက်ခြမ်းကနေ ဂျပန်ကောင်တစ်ကောင်ကိုတွေ့လိုက်တာနဲ့ဂျယ်မင်းကတန်းပြီးဘေးကဂျီဝူးရဲ့ပါးစပ်ကိုလှမ်းဆနိန ရက်ရသည်။

ဂျယ်မင်းနဲ့ဂျီဝူးရဲ့တစ်ကိုယ်လုံးကနံရံမှာပြားပြားကပ်နေပြီးဂျယ်မင်းရဲ့လက်က ဂျီဝူးရဲ့ပုခုံးနဲ့လည်ပင်းကြားကိုအားဖြင့်ဖိထားရင်းဂျီဝူးရဲ့အသံကိုရောလှုပ်ရှားမှုကိုရောရပ်ထားစေသည်။

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now