(Part-37)

1.4K 129 16
                                    

Unicode
"အပိုင်း-သုံးဆယ့်ခုနှစ်"

မေတစ်ယောက် မနက်ငါးနာရီထဲက ထပြီး အလုပ်များနေသည်။ အဘယ်ကြောင့်ဆိုသော် ဒီနေ့ မမမြိုင်နဲ့အတူ ဓာတ်ပုံသွားရိုက်ရမည်မလား။ မမမြိုင်ကတော့ မေ့လိုမဟုတ်အေးအေးဆေးဆေ သို့သော် မေကတော့ အေးဆေးမဖြစ်နိုင်ပါ။ အလွန်စိတ်လှုပ်ရှားနေမိသည်။ မမမြိုင်ကို 'ဒါသမီးရဲ့ရည်းစား‌ေလးဆိုပြီး' ဦးငယ်နှင့်မိတ်ဆက်ပေးရမည်မဟုတ်လား။

"ဒီပုံကကောင်းမလား ဘယ်ဟာကကောင်းမလဲ"

မေတစ်ယောက် အ၀တ်ထုတ်ထဲမှ အကျီတစ်ချို့ကိုရွေး‌ပြီး ကြည့်နေမိသည်။ အများစုမှာအဖြူရောင်နှင့်မိုးပြာရောင်အကျီ၊ ထမိန်တွေသာဖြစ်သည်။

ဘာ၀တ်ရင်ကောင်းမလဲလို့တွေးနေတုံး မေ့ဘေးနားရောက်လာသည့်မမမြိုင်။

"ညီမ...ရွေးလို့မပြီးသေးဘူးလား"

"အာ..ဟုတ်တယ် အခုပြီးပါပြီ ဒါပဲ၀တ်လိုက်တော့မယ်"

ဆိုပြီးရှေ့က၀တ်စုံကိုကောက်ဆွဲလိုက်တော့ပါလာတာ‌ေမ့အ၀တ်မဟုတ်ပဲမမမြိုင်၏ထမိန်ပင်ဖြစ်သည်။

"...!"

"အာ"

အ၀တ်လဲသည့် အခန်းပြီးနောက် မေတစ်ယောက်လွယ်အိတ်ကိုလွယ်ထားပြီးခြံရှေ့ကခုံမှာမမမြိုင်ကိုစောင့်ရင်း သပ်ပြင်းသာတွင်တွင်ချနေမိတော့သည်။

'ဘယ့်နှယ် မှားဆွဲစရာရှားလို့ ကိုယ့်‌ေကာင်မလေးရဲ့ထမိန်မှဆွဲမိရလား'

ဟုကိုယ့်ကိုကိုယ် ခေါင်းခါနေမိတော့သည်။ အခုတော့မမမြိုင်ကမေ့ကိုစကား‌မပြောတော့။ ခြံရှေ့မှာ ခေါပုတ်ကြော်လေးကိုက်ကာ ထိုင်စောင့်နေသည့်မေ့ပုံမှာ သခင်ကစွန့်ပစ်လိုက်သည့် ခွေးပေါက်တစ်ကောင်လို။

"သွား ကြ မယ်"

ရာတ်တရက် အိမ်ထဲကထွက်လာကာ အေးစက်စက်လေသံဖြင့် ပြောလာသည့်မြိုင်ကြောင့် မေတစ်ယောက်ငိုပါငိုချင်လာပြီဖြစ်သည်။

မေ့ရဲ့မမမြိုင်Where stories live. Discover now