(Part-51)

1K 102 2
                                    

Unicode
"အပိုင်း-ငါးဆယ့်တစ်"

အပြေးကလေးသွားတော့ ဆယ့်နှစ်နာရီဆယ့်ငါးမိနစ်လောက် မြိုင်ဆီရောက်သည်။ ‌အမောတကောလာခဲ့ရ‌သည့်အတွက်မောသည်။ သို့သော် ထမင်းစားရန် အသင့်ကလေးစောင့်နေသည့် မြိုင့်အားတွေ့သည့်နောက် အမောတို့ဟာပြေသွားသလိုပင်။

"မေ ဘယ်လိုဖြစ်လို့နောက်ကျနေရသလဲ အမက ညီမမေဟိုတစ်ခါကလို ဒဏ်ရာ‌ေတွရပြီထင်နေတာကွယ် လူဆိုးမလေးကခဏခဏ စိတ်ပူရအောင်လုပ်တာပဲ"

ဟု တတွတ်တွတ်ပြောရင်း မေ့အားဟင်းတွေခပ်ထည့်ပေးနေသည့် အမျိုးသမီးလေးဟာတကယ်ကိုချစ်စရာလေးပင်။ ဘယ်လိုဖြစ်လို့ဒီလောက်ချစ်စရာကောင်းတာပါလိမ့်။

"မြိုင်.."

ဟုခေါ်လိုက်တော့ စိတ်ဆိုးဟန်ဖို့ထားသည့် မိန်းကလေးလေးဟာ တိတ်တိတ်ဆိတ် မျက်စောင်းလေးထိုးကာကြည့်သည်။

အိုဒီနေ့မှပဲ အမျိုးသမီးလေးဟာ ပိုလို့ချစ်ဖို့ကောင်းနေပါရော့လား။

"မြိုင်..ဆရာမလေးမြိုင်က ဒီကမိန်းကလေးကို ဘယ်လိုချစ်ရမလဲ ညကျရင်ထပ်သင်ပေးပါလား"

ဟုပြောတော့ သနပ်ခါးပါးပါးလူးထားသည့် မြိုင့်၏ပါးပြင်လေးဟာ အနီရောင်ဆေးတို့ဆိုးလိုက်သလိုပင်။ ရဲတက်လာသည်မှာ ချယ်ရီပန်းတွေပွင့်လာသည့်အလား။

"ဒီကလေးမကတော့ ဘာတွေပြောနေတာလဲ ထမင်းကောင်းကောင်းမစားရင်တော့ ဆုံးမတတ်တယ်နော်"

ဟုမျက်စောင်းလေးခဲထားသည့် မြိုင်ဟာကြောင်မလေးအသွင်ဖြင့်အူတယားယားဖြစ်စေသည်မှာ ထမင်းအစား မြိုင့်ကိုသာ ငုံထားပစ်လိုက်ချင်သည်အထိ။ သို့သော် ကိုယ့်အမျိုးသမီးလေး ဆရာမလေးမြိုင်၏ လက်သံကိုမြည်းဖူးသည်မို့ လက်လွတ်စပယ်တော့ မေမစရဲ။ မြိုင့်၏လက်သံဟာ အတော်ပြောင်သည်။

•••

ထမင်းစားပြီးသည့်နောက်တွင် မြိုင်နှင့်အတူ ခဏစကားပြောရင်း မြိုင့်အား မှာစရာရှိတာအချို့အား မှာနေမိသည်။ ထိုအရာတို့ဟာအကြောင်းအရာတစ်ခုတည်းကိုပင် လမ်းဆုံးသည်။

မေ့ရဲ့မမမြိုင်Where stories live. Discover now